Professional Authors

တံတိုင်းတစ်ဖက်ကရင်ခွင်…….

တံတိုင်းတစ်ဖက်ကရင်ခွင်..
အသိုင်းအဝိုင်းနဲ့လည်း မကျင်လည်ခဲ့…
ပိုင်းဖြတ်ခံထားရတာက သံယောဇဉ်…
အရိုင်းဆန်တဲ့ပြဇာတ်နဲ့ လူလားမြောက်..
အတိုင်းတာတစ်ရပ်က မျှော်ရည်ဝေး…
ရွှေပြည်တော်ရယ် ဘယ်ခါပေါ်လေမလည်း…
မျှော်လေတိုင်း အမှောင်ဝိုင်းလို့…
ချောင်ကျကျနေရာ တစ်ပိုင်းတစ်စနဲ့…
မှင်မစိုဘောလ်ပင်တစ်ချောင်း…
သောင်းသောင်းဖျဖျ အားပေးကြတဲ့..
လောကငရဲရဲ့ လက်ခုပ်သံတွေ…
လောဘသားတစ်ချို့ရဲ့ တံတွေးခွက်ထဲ
ငါ့ဘဝက ပက်လက်မျောလို့…
ရေကြည်ရာမှာ မြက်နုတွေကိုရှာရင်းဖွေရင်း…
ချစ်သူမျက်ဝန်း မိုးစွေလာမှာ…
အတွေးပိုကာ ကြောက်နေမိတယ်…

In: ကဗျာ Posted By: Date: Mar 2, 2013
Comment #1

title ka a yann swe saunghmu shi de

commentinfo By: ei lay at Mar 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment