Professional Authors

ဝေလေလေ

” ဝေလေလေ “

ပတ်စာခွာ ဖျာသိမ်း
ကဲ ငါတို့ ယိမ်းတိုက်လို့ပြီးပြီ
ဘီကြားတို့ ဘီဂါးတို့ရေ
လက်ခုပ်သံတွေ စုလိုက်
ဆူပါတွေကို အရက်တိုက်စို့

နေထွက်ရာအရပ်ကို မျက်နှာမူပါ
သင့်ဟာသင် တောင်မြောက်ခွဲ

နံရံပေါ်ခွထိုင်ရင်း ကြိုးညှိ
ငြိမ်းချမ်းရေးအတွက် သီချင်းတပုဒ်
လက်တွေဖြတ်ပြီး ရေးလုပ်ကြမယ်

မျက်နှာဖုံးတွေ အရောင်မှိန်ရင်လည်းထား
ညပြဇာတ်က မီးစားပါတယ်
ဒီအရပ်နဲ့ ဒီဇာတ် ဘာမကိုက်စရာရှိလဲ
မျက်နှာလွဲလို့ အားပေးကြည့်
အရှိုက်တည့်တည့် ထိတယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 3, 2012
Comment #1

ဒီအရပ်နဲ့ ဒီဇာတ် ဘာမကိုက်စရာရှိလဲ
မျက်နှာလွဲလို့ အားပေးကြည့်
အရှိုက်တည့်တည့် ထိတယ်။

commentinfo By: မာန်ခက်ဝင့် at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment