Professional Authors

ငါ့ဘ၀ ရိုက်ကွင်း

ဇာတ်ဝင်ခန်းက မတရား
ပရိသတ်က အယောင်ယောင် အမှားမှား
လက်ခုပ်သံတွေ ကြား
“ကပ်” ဆိုတဲ့ အသံတော့ ကြားလိုက်တယ်

ဇာတ်လမ်းဆုံးသွားပြီလား……
မရေရာပါ……
ဇာတ်ညွန်းကတော့ လူရွှင်တော်လက်ထဲ ကြွေမွလို့
လူကြမ်းကတော့ ……..ခပ်ပြုံးပြုံးပဲ။

သံသရာ ၀ဋ်ကြွေးဆိုလဲ
ဒီမှာတင် ကြေပါစေလို့ ပရိသတ်က ဆုတောင်းပေးသွားတယ်

ပြုသူအသစ်…. ဖြစ်သူအဟောင်း
မဖြစ်မှာကိုလဲ ကြံဖန် စိုးရိမ်ကြသေးတယ်…..

စိုးရိမ်မှုတွေ
လက်ခုပ်သံတွေ
ဆုတောင်းတွေ
ကျွန်ုပ် ဂရုမစိုက်မိ…..

ဒါရိုက်တာ ဆူဆူ …လူကြမ်းပြုံးပြုံး
ဇာတ်ညွန်းက ……..လူရွှင်တော်လက်ထဲလေ….

မင်းသားနဲ့ ဗီလိန် … ..နေရာချင်း မှားလဲ
ကျွန်ုပ် ဂရုမပြုမိ…..

ဇာတ်ညွန်းက ……လူရွှင်တော် လက်ထဲလေ……………။

မယ်မနော
2:42AM

In: ကဗျာ Posted By: Date: Aug 1, 2011
Comment #1

ဇာတ်လမ်းဆုံးသွားပြီလား……
မရေရာပါ……
ဇာတ်ညွန်းကတော့ လူရွှင်တော်လက်ထဲ ကြွေမွလို့
လူကြမ်းကတော့ ……..ခပ်ပြုံးပြုံးပဲ။

commentinfo By: May Kha at Aug 1, 2011
Comment #2

ကဗျာက ရှင်းရှင်းလေးနဲ့ ဖတ်လို့ကောင်းတယ်ဗျာ ။ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 1, 2011
Comment #3

သံသရာ ၀ဋ်ကြွေးဆိုလဲ
ဒီမှာတင် ကြေပါစေလို့ ပရိသတ်က ဆုတောင်းပေးသွားတယ်

ပြုသူအသစ်…. ဖြစ်သူအဟောင်း
မဖြစ်မှာကိုလဲ ကြံဖန် စိုးရိမ်ကြသေးတယ်…..

မယ်မနောရေ….တကယ့်ဘ၀ရိုက်ကွင်းတစ်ခုလိုပါပဲ….ကေ အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Nov 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment