Professional Authors

ရလဒ် (ဂျစ်တူး)

ရလဒ်
****

တစ်ရက်ပြီး တစ်ရက် …ဖတ်နေရတယ်

လူတွေ က လူတွေ ကိုသတ်ကြ

တစ်ရက်ပြီး တစ်ရက်…ဖတ်နေရတယ်

လူတွေခိုလှုံတဲ့အိမ်ကို လူတွေကဖျက်စီးကြ

တစ်ရက်ပြီး တစ်ရက်…ဖတ်နေရတယ်

ဟိုလူတွေကိုးကွယ်တာ က ဘာဘာသာ

တစ်ရက်ပြီး တစ်ရက် … ဖတ်နေရတယ်

ဒီလူတွေကိုးကွယ်တာ က ဘယ်ဘာသာ

တစ်ရက်ပြီး တစ်ရက်… ဖတ်နေရတယ်

ဘယ်သူက ဘာပြောလိုက်ပြန်ပြီတဲ့

တစ်ရက်ပြီး တစ်ရက်… ဖတ်နေရတယ်

ဒီလူက ဒီလိုတောင်းဆိုလိုက်တယ်တဲ့

ဒီလိုနဲ့ပဲ ….တစ်ရက်ပြီး တစ်ရက် ….

အပျက်သဘောရဲ့ တံတွေးခွက်ထဲ ငြိမ်းချမ်းမှုက ပက်လက်မျောလို့ ….။ ။


ဂျစ်တူး (ထားဝယ်) 

In: ကဗျာ Posted By: Date: Aug 7, 2012
Comment #1

nice

commentinfo By: ei lay at Aug 7, 2012
Comment #2

ဒီလိုမျိုးအတွေးအခေါ်သာအားလုံးမှာရှိရင် ငြိမ်းချမ်းနေပြီ။

commentinfo By: raindrops at Aug 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment