Professional Authors

ကာလနဂါး (မင်းခိုက်စိုးစန်)

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘဝ..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဘို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဘို့ အကြောင်းမရှိပေဘူး ။

အို … မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဘို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမဝခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်

Comment #1

ကာလနဂါးတစ်ကောင်ပါမိတ်ဆွေဖွဲ့ချင်လို့

commentinfo By: painghtetaung at Jun 15, 2010
Comment #2

လာပြီ နောက်တစ်ယောက်

commentinfo By: poht at Jun 23, 2010
Comment #3

same to you, i love sleeping & eating.

commentinfo By: soe at Jun 23, 2010
Comment #4

နာမည်ကြီး ကဗျာတွေ အားလုံးထဲမှာ ဒီကဗျာ အကြိုက်ဆုံးပဲ..
ကိုယ့်ဘ၀နဲ့ တစ်ထပ်တည်း ကျနေလို့

commentinfo By: Red at Jun 30, 2010
Comment #5

Z=ဇက်
အဲ့ဝတ္တုကိုဖတ်တိုင်းဇာတ်ကောင်ရဲ့ အမြင်အတိုင်းဘဝကိုမြင်မိတယ်။

commentinfo By: morrethant at Aug 23, 2010
Comment #6

အအိပ်ချင်း ပြိုင်ချင်လို့လား..

commentinfo By: thelkothel at Dec 17, 2010
Comment #7

ဟားဟား..ကျွန်တော်လည်း ကာလနဂါး တစ်ကောင်ပါ.

commentinfo By: thelko at Apr 7, 2011
Comment #8

ဆရာ……………………………
အစဉ်အာပေးလျက်ပါ။မရေးတတ်ပေမယ့် ဖတ်တတ်လို့ပါ ဆရာ……….။
ကဗျာဆရာ အားလုံးကိုလေးစားတယ်။

commentinfo By: Aye win at Dec 8, 2011
Comment #9

ကျွန်တော်လည်း ကာလနဂါး တစ်ကောင်ပါ…………………:)

commentinfo By: thulattyar at Nov 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment