Professional Authors

အိမ်စာ

ခင်ဗျားတို့က ကမ္ဘာကို ချီတယ်

နိုင်ငံရေးရာကို အာဘောင်အာရင်းသန်သန်ပြောတော့

ကျုပ်မျက်လုံးတွေ သေကုန်ရော …

ကျုပ်ဟာ … ကျုပ်အဖို့တောင် သေးငယ်လွန်းပါတယ်

တစ်နေ့တစ်နေ့ …

မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်ဖို့ရယ်

မျက်စိတဆုံး ကြည့်လိုက်ဖို့ရယ်

ဘေးနားကို ငဲ့ကြည့်ရာက

မိသာစုဓားက စိတ်ကို ရှတော့တာပါပဲ

ကျုပ်ကို ခွင့်လွှတ်ပါ …

ကျုပ်ယုံကြည်ချက်က …

“ကိုယ့်ဝပ်ကျင်းလေး မစိမ်းစိုသရွေ့တော့

ဘယ်ကမ္ဘာမှလည်း လှလာမှာ မဟုတ်ဘူး”

………………………………………….

ဟေ့လူတွေ ဒီမှာ နားထောင်ကြစမ်းပါ

ကျုပ်သားလေး ကကြီးခခွေး ဆိုတတ်လာပြီဗျ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

🙂

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment