Professional Authors

Behind the Scene

အရွေ့ တချို့ အတွက်

ခြေလှမ်းတွေကိုပြင်ဆင်ပြီး

အချစ်မပါတဲ့ခရီးကိုလျှောက်ဖို့ 

 

“ငါ..ရဲရင့်ခဲ့ပြီ …ငါ..ရဲရင့်ခဲ့ပြီ..ငါ..ရဲရင့်ခဲ့ပြီ” လို့ 

 

အကြိမ်ကြိမ် အထပ်ထပ် ကျုံးဝါးရင်း

လက်ဖ၀ါးကို ခပ်တင်းတင်း ဆုပ် 

အရှုပ်ထုပ်သက်သက်ဖြစ်နေတဲ့

နင့်အနားက … ငါ့ဘ၀ကို..ထုတ်နှုတ်ပြစ်လိုက်တယ်။

 

 

ဗလာထမ်းပြီး ..အနာဂတ်ကို ငါလျှောက်လှမ်း

အပြုံး/အရယ်/အငို ဘာဆိုဘာမှ မရှိတော့တဲ့ရင်ခွင်ဟာ

ခပ်နက်နက်စူးစိုက်ဝင်ခဲ့တဲ့ ဒဏ်ရာအခါးတွေကို ထွေးပိုက်ရင်း

 

အနက်ရှိုင်းဆုံး .. စူးဝင်နေတဲ့ ဓားတလက်ဟာ..နင့်အမုန်းပါ

ဒါကိုလည်း ငါသိ..သိပေမယ့်..ဂရုမစိုက်သလို အလေးမထားခဲ့

 

ငါသိပ်ကြိုက်တဲ့ နင့်ရယ်သံလေးတွေနဲ့

ရွှေမျက်နှာတော်ထက်ကအပြုံးတွေ

တသက်ဝေနေစေဖို့ 

ငါ့မျက်ရည် အစက်စက်နဲ့ နင့်ခြေဖ၀ါးမှာဒူးထောက်လို့ 

ပေးဆပ်ခဲ့ပါတယ်

 

ဘယ်တော့မှငါ့ကိုနင် ထပ်မမြင်စေရပါဘူး။

 

 

“နေနိုင်တယ် ..နေနိုင်တယ်…ငါသိပ်နေနိုင်တာပေါ့”

အားပေးစကားတွေထဲ

မာနတချို့ ပစ်ထည့်

နင်မှမချစ်ခဲ့တာပဲဆိုတဲ့ အသိနဲ့

ဝေးသထက်ဝေးမယ်နေရာတခုမှာငါရှိနေနိုင်ဖို့ …

အထူး အားစိုက်…ရိုး မိုက် ခဲ့တယ်။

 

 

“မယုံပါနဲ့..မယုံနဲ့….လုံးဝမယုံစမ်းပါနဲ့”

နောင်ဘ၀တခုမှာ ဆုံစည်းခွင့်ဆိုတာများ

နင်နဲ့ငါ့ကြား တကယ်ရှိခဲ့ရင်လေ

နင့်ကိုပဲ ငါ သိပ်ချစ်တဲ့အကြောင်းသံသရာမှာ

မောင်းခတ်လို့ ကြေငြာခွင့် ရချင်ပါသေးတယ် ဆိုတာကိုပေါ့။

 

(အစွန့်ပစ်ခံ လူသားတစ်ဦးရဲ့ ရင်ဘတ်ဒဏ်ရာမှာ

တစ်ဦးတည်းသော ဆိုတဲ့ချို့ယွင်းချက် အိပ်မက်အတွက်

အငြိုး/အမှတ်   အတေး ဆိုတာ

ဘယ်လို အခွင့်အခိုက်မျိုးမှာမှရှိမလာနိုင်ခဲ့ပါဘူး…အချစ်ရယ်)

In: ကဗျာ Posted By: Date: Jan 19, 2013
Comment #1

A mye tann myat yae kya aung yaee tat lun de.
A yann ko laee sarr mi de.

A hman tine pyaw ya yin ,,,
ma Moe Ye poems arr lone ko ei kyike de.
Ma Moe ye poems tway ma phat be le ma nay naing bu.
Phat ya hmar le kyauk de.
Phat pi yin le khan sarr ya lun loh yin hte hmar ta myo g be.

commentinfo By: ei lay at Jan 19, 2013
Comment #2

Nice Poem… ပါ

ကဗျာလေး ကောင်းတယ်.. စိတ်ကူးလေးတွေလည်း ကောင်းတယ် နော်…

commentinfo By: ရင်ဝှက်ပန်း at Jan 19, 2013
Comment #3

ဗလာထမ်းပြီး ..အနာဂတ်ကို ငါလျှောက်လှမ်း

အပြုံး/အရယ်/အငို ဘာဆိုဘာမှ မရှိတော့တဲ့ရင်ခွင်ဟာ

ခပ်နက်နက်စူးစိုက်ဝင်ခဲ့တဲ့ ဒဏ်ရာအခါးတွေကို ထွေးပိုက်ရင်း

အနက်ရှိုင်းဆုံး .. စူးဝင်နေတဲ့ ဓားတလက်ဟာ..နင့်အမုန်းပါ

ဒါကိုလည်း ငါသိ..သိပေမယ့်..ဂရုမစိုက်သလို အလေးမထားခဲ့

ငါသိပ်ကြိုက်တဲ့ နင့်ရယ်သံလေးတွေနဲ့

ရွှေမျက်နှာတော်ထက်ကအပြုံးတွေ

တသက်ဝေနေစေဖို့ 

ငါ့မျက်ရည် အစက်စက်နဲ့ နင့်ခြေဖ၀ါးမှာဒူးထောက်လို့ 

ပေးဆပ်ခဲ့ပါတယ်

ဘယ်တော့မှငါ့ကိုနင် ထပ်မမြင်စေရပါဘူး။

commentinfo By: n$n at Jan 19, 2013
Comment #4

ကျွန်တော် စကားမကြွယ်လို့ အငှားဘဲ မန့်လိုက်တယ် မမိုး…

မအိလေး ပြောတဲ့အတိုင်းပါဘဲဗျာ….

မအိလေးက အပြောသိပ်ကောင်းတယ် (ကဗျာရေးရင် ပရိတ်သတ်လုပ်ဖို့ အဆင်သင့်ပါဘဲ)

အဲဒီတော့ ကျွန်တော်နဲ့လည်း ထပ်တူကျလို့ မအိလေးကွန်မန့်အတိုင်းဘဲ ထပ်မန့်လိုက်တယ်လို့ သဘောထားလိုက်ပါ.. နော်…နော်..နော်…. 😀

လေးစားလျက်
နိုးဆက် နေ့

commentinfo By: n$n at Jan 19, 2013
Comment #5

Ko hnoe sat nae naw,,,,
😛
Nout de naw.
Ei sa karr tat tar poems tway phat p khan sarr Dar myar twar loh par.

Ma Moe ye poems tway 95% ka ei ko myat yae kya say de.
Poem 1 poke se tine hmar net net shine shine g ko phyit phyit twar de.
Sit kha ne,,Sit kha ne pe
A yae a tarr ka Kaung lun nay dot Kha na kha na phat chin de.
But,,,phat pi tine myat yae kya ya de a twat phat ya hmar le a yann kyauk de.

commentinfo By: ei lay at Jan 20, 2013
Comment #6

နောက်တာမဟုတ်ပါဘူးဗျ.. မအိလေးက တကယ်စကားပြောကောင်းတယ် မဟုတ်လား… အဲဒီတော့ ကဗျာကောင်းကို ကွန်မန့်ကောင်းပေးချင်လို့ ခိုးချလိုက်တာပါ.. 😛

commentinfo By: 13th at Jan 20, 2013
Comment #7

အမြဲတမ်းအားကျလျက်ပါ မမိုး

“မယုံပါနဲ့..မယုံနဲ့….လုံးဝမယုံစမ်းပါနဲ့”

နောင်ဘ၀တခုမှာ ဆုံစည်းခွင့်ဆိုတာများ

နင်နဲ့ငါ့ကြား တကယ်ရှိခဲ့ရင်လေ

နင့်ကိုပဲ ငါ သိပ်ချစ်တဲ့အကြောင်းသံသရာမှာ

မောင်းခတ်လို့ ကြေငြာခွင့် ရချင်ပါသေးတယ် ဆိုတာကိုပေါ့။

(အစွန့်ပစ်ခံ လူသားတစ်ဦးရဲ့ ရင်ဘတ်ဒဏ်ရာမှာ

တစ်ဦးတည်းသော ဆိုတဲ့ချို့ယွင်းချက် အိပ်မက်အတွက်

အငြိုး/အမှတ် အတေး ဆိုတာ

ဘယ်လို အခွင့်အခိုက်မျိုးမှာမှရှိမလာနိုင်ခဲ့ပါဘူး…အချစ်ရယ်)

commentinfo By: loafer at Jan 20, 2013
Comment #8

အားပေးသွားတဲ့ ကျွန်တော့် အားဆေး ချစ်မောင်လေး ညီမလေးများအားလုံးကို အထူးကျေးဇူးတင်လေးစားလျှက်..

commentinfo By: အသဲကွဲ မိုး at Jan 22, 2013
Comment #9

Wow!!!!!!!!!!!!!!!!!!

commentinfo By: ic23u0 at Feb 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment