” သူငယ်ချင်း “
နင်နဲ့ငါဟာ သူငယ်ချင်းတွေပါ ကဗျာ
ဘယ်နှကမ္ဘာခြားခြား ဝေးမသွားမယ့် ကြိုးတံတားလေးပေါ့
နင်မငိုပါနဲ့ ကဗျာရယ်
နင်က ..မျက်ရည်တွေနဲ့ မလှပါဘူး
ငါသိထားတဲ့နင်ဆိုတာ
လောကဓံကြားမှာ မလျော့တမ်း မရှုံးစတမ်း ကြံ့ခိုင်လွန်းသူတယောက်ပါ
နင်ပြောဖူးတဲ့ လူ့မျက်နှာဖုံးတွေ အကြောင်း
ငါသိခဲ့ရတယ် ကဗျာ
ငါ့ကို လက်ပေးပြီး ချောက်ကမ်းပါးတွန်းချရက်သူတွေပေါ့
နင်မှန်းခဲ့တဲ့ ငါ့အယုံလွယ်မှုတွေကြား
ငါကမ္ဘာဟာ…အကြိမ်ကြိမ်ပြိုကျ
နင်ကမ်းမယ့် လက် တဖက် ကို ငါ ငတ်ခဲ့ဖူးတယ်ကဗျာ
ငါလေ………..
မနက်မနက်တိုင်း အမှောင် အတိနဲ့လင်းခဲ့ရတယ်
ငါ့အသည်းလည်း စုတ်ပြတ်ကြေမွခဲ့ရတယ်
ထမင်း တလုတ် ဒုတ်တချက်နဲ့ ငိုမ၀ ခဲ့ရဘူး
ငါ့မှာ အိပ်မက်တွေကြား ဗျာများ
တကယ်တမ်းမှာ ငါဟာ…မှောက်မှားခဲ့သူတယောက်မဟုတ်ရပါဘူး ကဗျာ
(နင်တယောက်တော့ ယုံကြည်ပေးပါ)
ထပ်ပြောမယ် ကဗျာ-
နင်အပြုံးတချက်နဲ့ ငါ့ကို လက်ကမ်းလိုက်စမ်းပါ
အဖြူရောင်ကြိုးတံတားပေါ်ဝယ်
ဘယ်အခါမခမ်းမယ့်
ငါတို့အချစ်တွေရံလို့
ချည်နှောင်ကင်း သံယောဇဉ်တွေနဲ့
ထာဝရအတူ အပြုံးတွေ ဝေ မျှ ယူ ကြ မယ် ။
………………………………..
(သူငယ်ချင်းမေတ္တာဆိုတာ ဘယ်ပေတံနဲ့တိုင်းတိုင်း ဘယ်တော့မှမရိုင်းတဲ့
အရိုးသားဆုံး တန်ဖိုးတခုပါ)
ငါနင့်ကို လိုအပ် တယ် ကဗျာ
………………………………
Comment #2
မမိုး..
.ကောင်းလိုက်တဲ့..အရေးအသားနဲ့အဖွဲ့အနွဲ့လေးဗျာ….
ခံစားအားပေးသွားပါတယ်….
By: poem.poem28 at Jun 23, 2012
Comment #4
Like
By: eiphyosan at Jun 24, 2012
Comment #5
😛
😛
😛
By: ei lay at Jun 24, 2012




Comment #1
သူငယ်ချင်းမေတ္တာဆိုတာ ဘယ်ပေတံနဲ့တိုင်းတိုင်း ဘယ်တော့မှမရိုင်းတဲ့အရိုးသားဆုံးတန်ဖိုးတစ်ခုပါ ဒီအဖွဲ့လေး လှရက်နိုင်လွန်းတယ်ဗျာ
အစ်မတော်ရေ ကြိုးစားထားဗျ အစ်မတော်လက်ကထွက်တဲ့အရေးအသားတိုင်းကို အားပေးနေတယ်~~
With respect,
RAY