Professional Authors

” နှလုံးသားလားရာ”

လေပွေ ရူးတွေလို
တောင်ပေါ် ပန်းတွေလို
သူ့စိတ်တွေကို အစိုးမရခဲ့တာကြာပါပြီ
တက်ညီလက်ညီ လှုပ်ရမ်းခဲ့တဲ့
သူနဲ့ကျွန်တော့ရဲ့တွဲလက်လေးတွေလည်း
ကန်ပတ်လမ်းက ဖုန်မှုန့်တွေလို….လွင့်..စင်. ..ခဲ့တာကြာပါပြီ
ဘပ်စ် လွတ်တိုင်း
အပြိုင် လျှောက်ခဲ့တဲ့ခြေလှမ်းတွေဟာလည်း
မုတ်သုံလေတွေလို အားအင်..ချည့်.. .နဲ့…ခဲ့တာကြာပြီ
နာကျင်ချိန်ဆို အားပေးတတ်တဲ့ သူ့ စကားသံတွေဟာလည်း
တိမ်ယံကြားကမြူခိုးတွေလို. ..ပျောက်….ကွယ်.. .သွား…ခဲ့တာကြာပြီ
ဒါပေမယ့်လေ
—————ဒါ—-ပေ—–မယ့်———————
အကြင်နာငတ်မွတ်နေသူထံ နွေးထွေးသောလက်ကလေးတစ်စုံ ကမ်းလင့်ပေးခဲ့ဖူးသူ ၊
ဆာလောင်နေသူထံ ချိုမြိန်သောအချစ်တစ်ဆုပ် စားသုံးခွင့်ပေးခဲ့ဖူးသူ ၊
နာကျင်နေသူထံ လှပသောအိပ်မက်လေးတစ်ခု နမ်းရှိုက်ခွင့်ပေးခဲ့ဖူးသူ ၊

သူကလိုပါလျှင်
သူ့ အတွက် ဆိုရင်
မျက်လုံးတွေကန်းလို့ နား မစွမ်းတော့ရင်တောင်
တိတ်ဆိတ်နေတဲ့ အမှောင်ကမ္ဘာလေးထဲ
တစ်ယောက်တည်း
နှလုံးသွေးနှစ်ထားတဲ့စုတ်ချက်တို့နဲ့___သူ့ပုံရိပ်တွေ___ပြုံးနေ___စေ_ရ__မယ် ။။   ။။

                                                                                                       Ray
21st  June, 2012
23:45

In: ကဗျာ Posted By: Date: Jun 24, 2012
Comment #1

RAY ရေ . . .
ိရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲမှာ ရှိတာကို ချပြလိုက်တာကို တွေ့ရတယ်
ခံစားမှုအခြေပြုကဗျာတစ်ပုဒ်အနေနဲ့ ရင်ထဲကို ရောက်လာပါတယ်
အသေအချာကို အားထုတ်ထားတဲ့ကဗျာတစ်ပုဒ်ဆိုတာလည်း သိသာပါတယ်
ကျွန်တော့်အနေနဲ့ပြောရရင် RAYလည်း အနုပညာဇက မသေးဘူးဗျ
ဒီကဗျာနဲ့ပတ်သက်လို့ပြောရရင် ဖတ်သူကို ၀ိုင်တစ်ခွက်ချတိုက်လိုက်သလိုပါပဲ
နောက်ကဗျာတွေကို မျှော်နေပါတယ်လို့ ပြောပါရစေ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jun 24, 2012
Comment #2

လေပွေ ရူးတွေလို
တောင်ပေါ် ပန်းတွေလို
သူ့စိတ်တွေကို အစိုးမရခဲ့တာကြာပါပြီ
တက်ညီလက်ညီ လှုပ်ရမ်းခဲ့တဲ့
သူနဲ့ကျွန်တော့ရဲ့တွဲလက်လေးတွေလည်း
ကန်ပတ်လမ်းက ဖုန်မှုန့်တွေလို….လွင့်..စင်. ..ခဲ့တာကြာပါပြီ
ဘပ်စ် လွတ်တိုင်း
အပြိုင် လျှောက်ခဲ့တဲ့ခြေလှမ်းတွေဟာလည်း
မုတ်သုံလေတွေလို အားအင်..ချည့်.. .နဲ့…ခဲ့တာကြာပြီ
..တပုဒ်လုံးကြိုက်တယ်ဗျ….တော်တော်နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Jun 24, 2012
Comment #3

oh my god,,
tay loh ya de sa ka lone tway pe,,
wow,,,.
so touching,,,

commentinfo By: ei lay at Jun 24, 2012
Comment #4

ကဗျာလေး ဖတ်သွားကြတဲ့ ကိုသျှား ၊ အစ်မတော်အသဲကွဲမိုး ၊ မအိလေး တို့ကိုကျေးဇူးအများကြီးတင်ပါတယ်
ကိုသျှား ကျွန်တော့ကိုအနုပညာဇမသေးဘူးလို့ပြောသွားတဲ့အတွက် ဝမ်းသာမိတယ်ဗျ တကယ်တော့ကျွန်တော်က ကဗျာကိုဝါသနာအရရေးတာပါ ကဗျာနဲ့ပတ်သက်လို့ကာရံ၊နဘေတွေအကြောင်းကိုသေသေချာချာလေ့လာပြီးကဗျာရေးတာမဟုတ်ဘူး
ဒါကြောင့်လည်း ကျွန်တော့ကဗျာတွေထဲမှာ ကာရံညီတဲ့ကဗျာသိပ်မရှိတာပေါ့ ဒါပေမယ့် ကာရန်မညီတဲ့ကဗျာတွေ စကားလုံးအထားအသိုမကျွမ်းကျင်သေးတဲ့ကဗျာတွေကို အောင့်အည်းသည်းခံဖတ်လို့ အားတက်စေတဲ့စကားလုံးတွေနဲ့ အားပေးသွားတဲ့အတွက် ကျေးဇူးပါ ကိုသျှားရေ ။

With respect,
RAY

commentinfo By: X - ray at Jun 25, 2012
Comment #5

ကိုx-ray….
အခုမှပဲဖတ်ရတယ်………ကဗျာစာသားတွေနဲ့…တင်ပြထားတဲ့အကြောင်းအရာလေးတွေက တကယ်….ကောင်းတယ်ဗျာ………

commentinfo By: poem.poem28 at Jun 26, 2012
Comment #6

ကဗျာလေး ဖတ်သွားတဲ့အတွက်ရော အားပေးသွားတဲ့အတွက်ရော ကျေးဇူးတင်ပါတယ် genius
နောင်များမှာလည်း ကျွန်တော့ကဗျာလေးတွေဖတ်ဖြစ်ခဲ့ရင် စိတ်ထဲရှိတဲ့အတိုင်းဝေဖန်ပေးပါ ။

With respect,
RAY

commentinfo By: X - ray at Jun 27, 2012
Comment #7

ပျောက်နေတာကြာပြီဗျာ..ဘယ်ရောက်နေတာတုန်း

ကျွန်တော့်ကဗျာလေးတွေမှာ ခင်ဗျား ကွန်းမန့် မတွေ့ရတော့ ……
..
နေကောင်းပျော်ရွှင်နေပါစေ မောင်လေး
မမိုး အမြဲ သတိရနေပါတယ်

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #8

Extremely nice.
😛
😛
😛

commentinfo By: ei lay at Aug 13, 2012
Comment #9

ပျော်ရင်ကဗျာရေးတယ် ၊ သေချင်ရင်ကဗျာရေးတယ် ကဗျာဆိုတာ ငါ့အတွက် သစ္စာအရှိဆုံးသူငယ်ချင်းဘဲ ။

အထက်ပါအတိုင်း ဘာဖြစ်ဖြစ် ကဗျာရေးတယ်ဆိုတဲ့ ခင်ဗျားရဲ့ ကဗျာအသစ်အသစ်တွေ ဖတ်ရမလားဆိုပီး ခင်ဗျားရဲ့ စာမျက်နှာကို လာကြည့်တယ်။
ကဗျာအသစ်တွေ မတွေ့ပါ
အဟောင်းတွေဖတ်သွားတယ်။
မငြင်းမခုံရတာ ကြာတော့
သတိရပါတယ် Ray 😀
အရာရာအဆင်ပြေပါစေဗျာ။

commentinfo By: မောင်မြတ်သူ at Sep 16, 2012
Comment #10

ကဗျာလေးဖတ်သွားကြတဲ့ညီအစ်ကိုမောင်နှမများအားလုံး ကျွန်တော့ကိုသတိရတယ်ဆိုလို့ဝမ်းသာတယ်ဗျာ
ကျွန်တော်လည်းကဗျာဆိုဒ်ကိုမရောက်တာကြာတော့ ကဗျာတွေကိုတော်တော်သတိရတယ် ကျွန်တော့ကဗျာလေးတွေကိုအမြဲအားပေးနေတဲ့ညီအစ်ကိုမောင်နှမတွေကို သတိရတယ်ဗျ
အားလုံး နေကောင်းကြရဲ့လား
ကျွန်တော်ကဒီရက်ပိုင်း သင်တန်းတစ်ခုတက်နေလို့ကဗျာမရေးဖြစ်တာပါ ။

With respect,
RAY

commentinfo By: X - ray at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment