Professional Authors

မိုး(မင်းလူန)

တခုတ်တရ
မမှတ်မိချင်ပေမဲ့ 
ရာသီတစ်ခုစာလုံးကိုယ်စားပြု
နှလုံးသားကို
ဒဏ်ရာတွေရေးထွင်းမဲ့ 
မိုး
အငြိုးနဲ့ ရွာရွာ
အငြိုးမဲ့ ရွာရွာ
စိုရွှဲခံရင်ဘတ်ထဲမှာတော့ 
တိုက်ဆိုင်မှု့ တွေတွေ့ တိုင်း
မျက်ရည်တွေ
လှိုင်လှိုင်ကျခဲ့ ရပြီးပြီ
မိုးနဲ့ ပါက်သက်လို့ 
မိုးနဲ့ ဆက်နွယ်လို့ 
မိုးနဲ့ ငြိစွန်းလို့ 
မိုးအကြောင်းရေးတဲ့ မိုးတွေထဲမှာတောင်
ငါဆိုတဲ့ ကောင်က
ငါ့မိုးပဲလားလို့ 
အတ္တတွေခင်းကျင်းပြီး
ထိလွယ်ခဲ့ မိသူ
ငါရူးပါတယ်မိုးရယ်
ချစ်တယ်ဆိုတာထက်
မြတ်နိုးခြင်းရင်တစ်ချက်အရှိုက်မှာ
ငါ့ မေတ္တာတရားတွေ
မင်းပန်ဆင်ခွင့် ရအောင်
အမြဲထိုးစိုက်ထားခဲ့ တာတောင်
ရက်စက်တယ်
သိပ်ကိုရက်စက်တယ်မိုးရယ်
လမ်းခွဲရတိုင်း
ဝေးသွားရတာမှမဟုတ်တာ
ငါ့ အနားမှာမိုးမရှိတော့ ပေမဲ့ 
ငါ့ ရင်ဘတ်မှာတော့ 
ရာသီတိုင်းမိုးရွာသွန်းနေခဲ့ တယ်
××××××××××××
တစ်ဘ၀စာပါပဲမိုးရယ်
နှလုံးသားမှာ
ပြက်ရွေ့ ကြောင်းတွေများလာတာတော့ သေချာတယ်
သံယောဇဉ်
ကြိုးတစ်ချက်အတင်းမှာ
မိုး
လေယူသယ်ဆောင်ရာပါမယ်လို့ 
ငါဘာလို့ မတွေမိဖူးခဲ့ တာလဲ
တစ်ကယ်တော့ 
လောကဓံမြားသင့် သူတိုင်း
အချစ်နဲ့ ကင်းကင်းမနေနိုင်ခဲ့ ကြပါဘူးမိုးရယ်
နင်ငါ့ ကိုဂရုမစိုက်ပဲ
ငါနင့် ကိုချစ်တယ်မိုး

                  မင်းလူန

In: ကဗျာ Posted By: Date: Jun 25, 2012
Comment #1

မိုးဆိုတာ့ ကျွန်တော်တောင် ဖျားသွားတယ် ဆရာ…:P

ငါဆိုတဲ့ ကောင်က
ငါ့မိုးပဲလားလို့ 
အတ္တတွေခင်းကျင်းပြီး
ထိလွယ်ခဲ့ မိသူ
ငါရူးပါတယ်မိုးရယ်
ချစ်တယ်ဆိုတာထက်
မြတ်နိုးခြင်းရင်တစ်ချက်အရှိုက်မှာ
ငါ့ မေတ္တာတရားတွေ
မင်းပန်ဆင်ခွင့် ရအောင်
အမြဲထိုးစိုက်ထားခဲ့ တာတောင်

နှစ်သက်စွာအားပေးနေဆဲခင်ဗျ

commentinfo By: အသဲကွဲမိုး at Jun 25, 2012
Comment #2

so touching to my heart deeply,

commentinfo By: ei lay at Jun 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment