Professional Authors

နှင်းမှုံကဗျာ (သို့) အေမီချို – ဒီရေလှိုင်း

ဥတ္တရလေညင်း တသုန်သုန်မစဲ

နှင်းမှုန်ဖြူတွေတဖွဲဖွဲ

အမြဲလှနေတဲ့  သည်ဆောင်း

ဘယ်တော့မှ မပြောင်း

ဘယ်တော့မှ မဟောင်းလို့ အသစ်သစ်

ကိုယ့်ရင်မှာ အချစ်ချစ်ရယ်လို့ ခေါ်နေဆဲ —–

 

ဆောင်းတွေထက်ကို ပိုချိုလို့လှ

နှင်းတွေကြားက မင်းတစ်ချက်အပြုံး

တစ်သက်လုံး မက်မဆုံးအိပ်မက်ထာဝစဉ်

မေ့ပစ်ဖို့ လွန်ခက်ခဲ

ကိုယ်ရင်မှာ အစဉ်အမြဲ စွဲလို့ထင်ထင်

 

အေမီချိုရေ ကဗျာဆိုတာ ငါကိုယ်တိုင်ပါလို့

ဟစ်ကြွေးကာ ခေတ်တေးတွေနဲ့ ပစ်ပြေး

အလင်္ကာတွေနဲ့ ဝေးဝေးမှာ နေချင်ပါလည်း

ကဗျာထက်ပိုလှ ၊ သံစဉ်ထက်ပိုကြည်

နှင်းဆီတဲ့ပိုမွှေး အေမီချို သည်ဂီတတေးနွဲ့နွဲ့ဟာ

သဲ့သဲ့လေးခုန်နေတဲ့ ကိုယ်နှလုံးသားအစုံမှာ

ကာရန်တွေအသစ်သစ်နဲ့ ကဗျာတွေဖြစ်ဖြစ်နေဆဲပေါ့ –

 

အေမီချိုရေ နှင်းတွေေ၀၀ါးဝါးကြားမှာ

မင်းလေလားလို့ကိုယ်ရှာဖွေ

မဟုတ်ဘူးဆိုတာ သေချာပေမဲ့

နှင်းရည်စို ကျသံတွေကို

မင်းသီဆိုပြတဲ့ သီချင်းလို စိတ်မှာကြားယောင်

နှလုံးသားမှာ နားထောင်ဆဲပေါ့ –

 

ကြင်ဦးသခင် အေမီချိုရေ

ပြင်ဦးလွင် မြို့ပတ်လမ်း

ကိုယ်တစ်ယောက်ထဲ အထပ်ထပ်လှမ်း

မရပ်မရပ်အလွမ်းတွေက မပြီးနိုင်သေး

ထီးလှိုင်မှာ ပျော်ကြည်စွာသောက်ခဲ့တဲ့

စတော်ဘယ်ရီ ချိုချဉ်တစ်ခွက်ကို

ဟိုအရင်လို တူတူသောက်

ကြည်ရွှင်စရာလှမ်းခဲ့တဲ့

ဒီဇင်ဘာခြံထဲက ပန်းခင်းလေး

ခုတော့ လွမ်းရင်းဆွေးစရာတွေနဲ့ပေါ့-

 

အေမီချိုရေ

ချောင်းသာမှာ အပေါင်းသဟာနဲ့ပျော်နေခဲ့

မင်းပုံရိပ်တွေ

စုံမှိတ်ထားတဲ့ ကိုယ့်မျက်ဝန်းမှာ အရိပ်ထင်

ဝေးဝေးကပင်တမ်းနေဆဲ

ဆွေးဆွေးငါ့ရင် ကျွမ်းနေမြဲ

ပန်းတွေမှာလည်း လွမ်းနေဆဲ

ကမ်းခြေမှာလည်း လွမ်းနေဆဲ

နမ်းမပြေ အချစ်ရက်တွေကိုပြန်တွေး

ဟိုအချိန်လေးက မင်းပုံလွှာလေးကို ငေးရင်း

နှင်းမှုံကဗျာလေးဆိုတဲ့ မင်းအမည်

င့ါရင်မှာ ကြည်လင်လို့ ပီပြင်နေဆဲ အေမီချို ။     ။

In: ကဗျာ,Others Posted By: Date: Jan 26, 2013
Comment #1

Like so much both title & poem.
“A me cho” hit directly to my heart.

commentinfo By: ei lay at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment