ရွှန်းလဲ့လမင်း (သို့) အေမီချို – ဒီရေလှိုင်း
အို ခါးရှမှုတွေကြား
 ချိုလိုက်တဲ့ အလှတရားလေး
 ကြမ်းတမ်းမြစ်တွေကြား
 လန်းဆန်းသစ်တဲ့
 ပန်းတစ်ပွင့်လို
 အေမီချိုရေ
 ဖြေမဆည်ငိုခဲ့တဲ့
 တို့အတိတ်တွေ
 အရိပ်မှာကျန်အောင်
 သူ့နှလုံးသားချစ်ခြင်းနဲ့
 အပြုံးတရားမြစ်တစ်စင်းကို
 သူစီးဆင်းတော့
 ကိုယ်ရင်မှာ ဆီးနှင်ဖြူုလို
 အရမ်းအေးမြ
 ဒီဘ၀မှာ လှလို့နေ ။
 ဆွစ်ဇာလန်နှင်း
 နယ်သာလန်က
 လီလီပန်း ၊
 ဂျပန်က ချယ်ရီ
 အင်္ဂလန်ကနှင်းဆီ တို့ရဲ့
 ပသာဒများ
 ဦးခိုက်လို့ထားမဲ့
 သူ့အလှတရားက
 တို့ရင်မှာ မြှားတစ်စင်းလို
 တစ်အားခွင်းလို့
 စူးစူးနစ်ဝင်
 သူ့ပုံရိပ်သွင်က
 စုံမှတ်ထားတဲ့ တို့မျက်ဝန်းမှာ
 အရိပ်မြင် ၊ နှလုံးသားမှာ အရိပ်ထင်ခဲ့ပေါ့
 အတိတ်ဆိုးကြောင့်
 တိတ်တိတ်လေးခိုးလို့
 တိုးတိုးလေးခုန်နေတဲ့
 ကိုယ့်နှလုံးသားတစ်စုံ
 မင်းပုံရိပ်ကြောင့်
 ပြန်ရှင်သန် နိုးကြား
 ခွန်အားများပင် ဖြစ်လို့ပေါ့
 အေမီချို ။
 အေမီချိုရယ်
 တို့ဘ၀လွမ်းစရာစာမျက်နှာတွေကို
 အဆုံးသတ်
 အမုန်းဇာတ်ပွဲမှာ
 ဇာတ်နာနာကရတဲ့
 ဇာတ်ဆရာဘ၀ကိုလည်း
 ကန့်လန့်ကာချ
 အဆိပ်သင့်မိုးတွေကို
 အရိပ်အသစ်နဲ့မိုးကာ
 ဆိုးကံကြမ္မာလေညှင်းတွေ
 ကွေကင်းအောင်
 အေမီချိုရေ
 မင်းအကြင်နာနဲ့ အလင်းဆောင်
 ဘ၀ရဲ့ လမင်းအဖြစ်
 ကိုယ်ရင်မှာ ထင်လင်းလို့လှ
 တစ်ဘ၀အတွက် အမြဲ
ဘယ်တော့မှ မခွဲကြကြေးနော် ။




 
                                            
Comment #1
😛