Professional Authors

ငြိမ်းချမ်းတေးသံ လွင့်ပျံပါစေ – ဒီရေလှိုင်း

တစ်ယောက်ကလည်းမှန်
တစ်ယောက်ကလည်းမမှား
ခပ်ပါးပါးအယူအဆတရား
ဘေးစကားတွေက
တို့သွေးသားညီနောင်တွေကြားမှာ
အချစ်စည်းတွေခြားလို့
စစ်မီးတွေပွားစေခဲ့ –

ဒီမြန်မာပြည်
ဧရာဝတီ အကြေအညာနဒီ မြစ်ရေကို
အချစ်တွေနဲ့ တူတူသောက်
တစ်ယောက်သော မိခင်က တူတူမွေး
တို့တွေသွေးရင်းတွေမို့
တစ်ယောက်မျက်ရည်စိုရင်
တစ်ယောက်နှလုံးသားမှငို
တစ်ယောက် ကျည်ဆံမှန်ရင်
တစ်ယောက်ရင်မှာ ထိ
တစ်ယောက်ဒါဏ်ရာ ရရင်
တစ်ယောက်က မခံသာအောင်နာ
ဘယ်သူမှ အသာမရတဲ့ သည့်စစ်ပွဲ
တို့အားလုံး ဆုံးရှုံးနေတဲ့ သည်စစ်ပွဲ
အောင်ပွဲမရှိကြတာမို့ ရှောင်လွှဲအသိ
ရင်ထဲမှာ ရှိကြပါတော့ –
ဝုန်းဝုန်းဒိုင်းဒိုင်း
ဗုံးသံတွေ ၊ ကျည်ဆံတွေ
ယမ်းငွေ့တွေ ၊ သွေးတွေ
ဒါဏ်ရာတွေ ၊ ကျရှုံးမှုတွေကြားမျာ
ဘယ်နှလုံးသားနဲ့ အပြုံးပန်းပွင့်မှာလည်း
အမုန်းနွမ်းညစ် အရှုံးစခန်းဖွင့် သည်စစ်တွေကြောင့်
အပြစ်မဲ့တဲ့ ကလေးတွေရဲ ငိုကြွေးသံ
ချိုတေးသံလို့ ဘယ်သူထင်ကြမှာလဲ
အိုးမဲ့ အိမ်မဲ့ ၊ အ၀တ်မဲ့ အစားမဲ့
ပညာမဲ့တဲ့ပြည်သူတွေကို
ကြင်နာဖွဲ့လို့ ကြည်ဖြူမယ်ဆို
အားလုံးငိုနေတဲ့ ဒီစစ်ပွဲတွေ
ရပ်စဲကြပါတော့လား

အမျက်မပြေအလျဉ်စီး အပူမီးပွားကို
လက်ရည်တစ်ပြင်တည်း အတူစားရင်း
သံသယတွေရှင်း
အမှန်အလှတွေလင်းအောင်
လည်ပင်းဖက် စကားဝိုင်းလေးမှာ
သွယ်ရင်းယှက် တို့သွေးသားတွေဆွေးနွေး
တို့ပြည်သူတွေ အေးအေးဆေးဆေးနေနိုင်စေဖို့
မောဟအယူအညစ်
ဒေါသ အပူစစ် တွေရပ်
အဟောဝတ အတူတူချစ်တွေ
အထပ်ထပ်ဖြစ်ကြစေတော့ ——။   ။

In: ကဗျာ,Others Posted By: Date: Jan 26, 2013
Comment #1

🙂

commentinfo By: ei lay at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment