Professional Authors

မက်တိုင်းမြင် – ဒီရေလှိုင်း

အရမ်းတကယ်ကြင်
အကျွမ်းတ၀င်ရှိပြီးမှ
အလွမ်းရာဇ၀င်တင်သင့်လား
အေမီချိုရေ ——–

ဝေစည်စို ပင်ယံအလှမှာ ပြုံးခဲ့ပြီးမှ
နေခြည်ညိုဝင်္ကန္တမှာ  အမုန်းမဖွဲ့နဲ့
အရှုံးသမားအတွက်
မင်း နှလုံးသားလေး လှလိုက်ပါ —-

မင်းမျက်ဝန်းတဖိတ်ဖိတ်
ကိုယ်ရင်မှာတငြိမ့်ငြိမ့်
တစိမ့်စိ့မ်ကြည့်ခဲ့
 ချစ်ရက်တွေ တိုလွန်းပေမဲ့
ချိုမြိန်တဲ့ ဒီရသ
ခုထိကို ထိရှနေဆဲ

ပုံရိပ်တွေ က ဆွဲငင်

စုံမှိတ်လည်း စွဲထင်

ကိုယ့်ရင်မှာ အမြဲမြင်ဆဲ —-

အချစ်လှိုင်းမှာ
အသစ်သမိုင်းမထင်
ဟိုစဉ်က ပျော်ရိပ်သွင်
ခုထိ တစ်သက်အစဉ်
မက်မြဲဆဲ ——-

သက်တန့်ပေါ်က သည်ပိုးကြိုး
ကျလာလိမ့်နိုးနိုး
မျှော်ကိုးလို့ စိုးထိတ်
အိပ်မရတဲ့ညတွေရက်ဆက်
သည်အိပ်မက်က ထွက်ချင်ပေမဲ့
သိပ်ကိုခက်ခဲ
မက်နေမြဲပေါ့ အေမီချို ———

အို ဒေ၀တာ
သေချာတာလေးတစ်ခု
ဖန်ဆင်းမှုပြုပေးပါလား
ကမ်းမရှိတဲ့လှိုင်း
လွမ်းအတိနဲ့သမိုင်းလှဖို့
ရင်ကျွမ်းတာတွေ မရစေကြောင်း
သင်ခန်းစာကောင်းကောင်းပြ
လှိုင်းဘ၀ကို
မှိုင်းမတော်မူပါ အရှင် ———–

In: ကဗျာ,Others Posted By: Date: Oct 25, 2012
Comment #1

So good . thanks for posting.

commentinfo By: May Kha at Oct 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment