Professional Authors

ပန်းတွေထဲမှာ လွမ်းနေဆဲပါ – ဒီရေလှိုင်း

မကြာမကြာ
အခါခါ ထိပေမဲ့
မနာမိပဲ လာလာကြည့်နေခဲ့
အထပ်ထပ်ထိ
အမှတ်မရှိသလို
ထပ်ထပ်ပြန်ကြည်နေခဲ့
အရမ်းတို့ပျော်ခဲ့တဲ့
ပန်းမြို့တော်က နှင်းတွေကြားမှာ
အပျင်းပြေကစားလို
မင်းခြေသွားတဲ့ ငါနှလုံးသားမှာ
မင်းခြေရာလေးများ ကျန်နေမလားလို့
ငါ ပြန်ရှာနေခဲ့တယ် မာယာချိုရယ် ။

ဒီဇင်ဘာကိုရောက်ရင်
ကြည်ရွှင်စွာ လျှောက်တဲ့လမ်းလေး
နှင်းလေးတွေနဲ့ အေးနေဆဲ
ပြေးလေတဲ့ မင်းကတော့ ဒီထက်ပိုအေးတဲ့
အဝေးကို ပြေးခွာ ၊ဟိုးတကမ္ဘာမှာ ပျော်နေ
ငါကတော့ ဒီဇင်ဘာနှင်းတွေက အပူတွေမသဲ
ဆူဝေဆဲပေါ့ မာယာချိုရယ် ။

တစ်ချိန်က Sweet December တဲ့
ခုတော့ မချိရင်မှာ
ထိစင်တာတွေများ
အသိမြင်တရားတွေလည်း
နှင်းတွေကြားမှာ မှုန်ဝါးနေခဲ့
ခုန်နေတဲ့ နှလုံးသားမှာလည်း
အမုန်းဓားသွားနဲမင်းဖြတ်
ရပ်တန့် လုလုပေါ့ မာယာချို ။

နှစ်စဉ် နှစ်စဉ်
အချစ်ကြင်နာမှုများစွာနဲ့
ဒီအချိန်မှာ ပျော်ရွှင်စစ်တွေနဲ့
ပန်းချစ်သူနှစ်ဦး
ကမ်းလင့်ယူလက်လေးတွေ တွဲဆက် မခွဲတသက်
အမြဲဆက်ဆက်လှမ်း ပန်းတွေဝေသောလမ်းလေးမှာ
ခုတော့ နွမ်းလျ ၊ လွမ်းရခြင်းနဲ့
နှင်းရဲ့ခြေရာ ဖွေရှာမိမယ်လို့
ငါမထင်မိခဲ့ပေမဲ့ နှင်းနဲ့အပြိုင်
ရင်မှာမျက်ရည်ဖြိုင်စွာ ငါငို
မာယာချို မင်းကတော့ သိပါ့မလား ။

အော် ကြာပြီဆိုပေမဲ့လဲ
တစ်ခဏပဲစိတ်မှာစွဲ
တစ်ဘ၀အတွက်ချစ်သူ မို့
အပြစ်ယူကာ မင်းထွက်သွား
လှောင်သံစကားတွေနဲ့ ဟိုနေရာက ပန်းတွေက ပိုမွှေး
ဟိုနှင်းလေးတွေကပိုဖြူ ၊
ဟိုဆောင်းကလိုလှပြီးအေး
မင်းအတွေးထဲမှာ ငါဆိုတာ ဗလာနတ္တိ ဘာမှမရှိပေမဲ့
ငါရင့်ထဲမှာ မင်းကထာဝရပန်းတစ်ပွင့်မို့
နမ်းခွင့်မရတောလည်း အထပ်ထပ်တိုးလို့ မြတ်နိုးနေဆဲ
လန်းလှနေတဲ့
ပန်းပြပွဲမှာ
ကျွမ်းရအသဲနဲ့
လွမ်းရဆဲ
 မှန်းဆ တမ်းတနေဆဲပါ
မာယာချိုရယ် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛
koh myit tar koh kou yaung pyan hat hmar par.

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment