Professional Authors

အပြန်လမ်းက မေတ္တာ

အပြန်လမ်းက မေတ္တာ

 

လွတ်မြောက်မှု ချိန်ခွင်မှာ

ဇွဲမာန်အပြည့် မျှော်လင့်နေဆဲ

လှောင်အိမ်ထဲက လွတ်မြောက်လာခါမှ

လေးမှန်လို့ ဖြိုကျ ပျက်စီးခဲ့ပြန်ပြီပေါ့…။

 

အတွေးပြည့်နှယ် လောကအလယ်

အမှန်တရားအတွက် လှမ်းလျှောက်ပါလျက်

အမှောင်ကျနေတဲ့ ညတွေကို

ဖြတ်သန်းခဲ့ရပြန်တယ်…။

 

အကွေ့အကောက်များလွန်းတဲ့

နံရံတစ်ဖက်ကို ရောက်ခဲ့ဖူးတယ်

ဖြိုမကျခဲ့ဘူး….

လူ မှန် နေရာ မှန် ရောက်လာခါမှ

လွတ်မြောက်ရာ လမ်းမှာ

သွေးစွန်း ဖြိုပျက်ခဲ့ပြန်ပြီပေါ့..။

 

ကံဝဋ်ကြွေး ပေးဆပ်လို့

ဒေါသ အဖြေမှန်ကို

ဖြေဆိုခဲ့ပါရဲ့

ပေးဆပ်လိုက်တဲ့

လွတ်မြောက်မှု ငှက်ငယ်ရဲ့

နောက်ဆုံး ထွက်ပေါက်ဟာ

သွေးစွန်းခြင်း နိဂုံးတဲ့လား…။

 

ပေးဆပ်လိုက်ပါတယ်…

မေတ္တာပို့သ ခဲ့ပါတယ်…

ဘဝအချိုးအကွေ့

ခံစားမှု လေဟာနယ်မှာ

နာကြည်းမှုတွေ ချိတ်ပိတ်လို့

မနစ်မွန်းတဲ့ အိပ်ပျော်ခြင်းနဲ့

ထာဝရ အိပ်စက် နားခို

ဘဝအိပ်တန်း ဝင်နိုင်ပါစေလို့

အားလုံးဆန္ဒ ဆုတောင်းပေးခဲ့တယ်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment