Professional Authors

ခရမ်းရောင်

တကယ်ပဲ….
ရင်ခုန်သံတွေ ဆိတ်သုဉ်းခဲ့ပြီလား

ကြိုမြင်နေခဲ့တဲ့
ဇာတ်သိမ်းတစ်ခုမှာ
နှလုံးသားက..
ထင်သလောက် အရေမထူသေးဘူး…

တူးဆွတိုင်း ထွက်လာတတ်တဲ့
အတိတ်က ပုံပြင်တွေ…
ခုချိန်ထိလည်း… ကာရန်မညီသေးဘူး..
(ဒဏ်ရာတွေဗရပွနဲ့ ရင်ဘက်ကတော့ချွင်းချက်ပေါ့)

ဖော်ရွေလွန်းတဲ့ ဥပေက္ခာတွေနဲ့
လမ်းပျောက်နေတဲ့ ၀ိဥာဉ်..
ဝင်္ကပါထွက်ပေါက် မရောက်နိုင်သေးဘူး…

စကတည်းက ဝေးကွာနေတဲ့
ဘ၀နှစ်ခု နီးလာမယ်လည်း….
မထင်တော့ဘူး
အိပ်မက်တွေတောင် ဖျပ်ဖျပ်လူးသွားတယ်

ပြောရရင်တော့အမိရယ်….
ဖွဖွလေး လွမ်း..နေ..တာ..မဟုတ်ဘူး

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

ဖွဖွလေး လွမ်း…နေ…တာ…မဟုတ်ပါဘူး

commentinfo By: နွေ at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment