Professional Authors

နိဂုံး !

ပေးလိုက်ရတဲ့
*နှလုံးက ပြည့်ပြည့်ဝဝ တစ်စုံလုံး* ဆိုတော့
အခု ငါ ယဲ့ယဲ့လေးသာ အသက်ရှင်နေရသူလေ။
နင် ထား(ရစ်) ခဲ့တဲ့ ငါ့ဘဝမှာ
အသားကျမှူ အခုထိ မရှိသေးသူပါ။

ဟန်ဆောင် အပြုံးတုကို ထုဆစ်
အပူရုပ်ကို ဟန်လုပ်ပြုံးနေသူက
ပုံပြင်ထဲက ကံမကောင်းသူမဟုတ်ဘဲ
*တချိန်က နင်သိပ်ချစ်ခဲ့တဲ့* ငါ ဆိုတဲ့သူ ဖြစ်နေရပြီ။

ငါ ဘယ်တုန်းကမှ မတွေးခဲ့တဲ့
*လမ်းခွဲ* …
ငါ ဘယ်တုန်းကမှ ထင်မထားခဲ့တဲ့
*နင့် မာယာ(ရက်စက်ခြင်း)*
ငါ ဘယ်တုန်းကမှ ကြိုတင်မပြင်ဆင်ထားတဲ့
*အသည်းကွဲခြင်း*
ဒါတွေ…ဒါတွေ..အကုန်လုံးထက် ကျော်လွန်ပြီး
အခု ငါ ………………
*အထီးကျန်ဆန်စွာ အသက်ရှင်နေရတဲ့*
ကင်ဆာ ဝေဒနာရှင်ပဲ။

သြ…. *ကင်ဆာ* သဘောကိုက
တမြိုက်မြိုက်လောင်ကျွမ်း
သွေးစုပ်(ခမ်း)ပြီး .. ကျွတ်တမ်းဝင်ရမှာပဲလေ။

ငါ့ နိဂုံးမှာ နင် ပျော်လိုက်ပါ
ငါ့ အုတ်ဂူဘေး
ငါ ကြိုက်တဲ့ *နှင်းဆီအနီရဲရဲ* တောင် မချခဲ့ပါနဲ့
ငါ ပြတ်သားစွာနဲ့ ဘဝကူးပါရစေ။

(၅-၇-၂ဝ၁၁)

In: ကဗျာ Posted By: Date: Jul 5, 2011
Comment #1

ဟန်ဆောင် အပြုံးတုကို ထုဆစ်
အပူရုပ်ကို ဟန်လုပ်ပြုံးနေသူက
ပုံပြင်ထဲက ကံမကောင်းသူမဟုတ်ဘဲ
*တချိန်က နင်သိပ်ချစ်ခဲ့တဲ့* ငါ ဆိုတဲ့သူ ဖြစ်နေရပြီ။
— ပန်းအိ အားပေးတယ်နော်…..

commentinfo By: May Kha at Jul 6, 2011
Comment #2

Thanks May Kha … -:)

commentinfo By: pannei at Jul 8, 2011
Comment #3

တချက်ကလေးမှ ဟာကွက် မရှိ ဘူးဗျာ ..ကျနော် လည်း ကဗျာရေး ချင်လို့ လိုက်လေ့လာနေတာပါ …….ကျေးဇူးတင်တယ် နော်

commentinfo By: မောင်မောင် at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment