Professional Authors

လမပြည့်သော နယုန်လပြည့်

နယုန်လပြည့်၏
သို့သော်……
လပြည့် နှင့် မတူ
ကောင်းကင်ပြင်ထက်
အေးစက်စွာ အလင်းရောင် ပေးစွမ်းတတ်သော
လမင်းကြီးက ဒီနေ့ တာဝန်ပျက်ကွက်၏ ။

ထို့ကြောင့် ဒီည
လရိပ် လရောင်ကိုပင်
မမြင်လိုက်ရဘဲ ညတာ ကုန်ဆုံးသွားသည် ။
နေ့လယ်တုန်းက လမင်း
အိပ်ရေးမ၀သဖြင့်
လပြည့်ည တာဝန်ထမ်းဆောင်ဖို့
မေ့လျောနေခြင်းဖြစ်မည် ။

လပြည့်ညအစား မိုးစက်ကလေးများက
ဖျော်ဖြေသွားကြပုံလည်း
တစ်မျိုး ခံစားလိုက်ရတယ်
L ဆိုင်းဇီ သီချင်းကို သွားသတိရမိ
လမင်းကြီးသာ ဒီည ပေါ်ထွန်းခဲ့ရင်
သူ(လမင်း)နဲ့အတူ
နင့်(နတ်သမီး)အကြောင်း
တတွတ်တွတ်နဲ့ တစ်ညလုံးး ပြောလို့
ပြီးနိုင် စကားကောင်းခဲ့ကြမှာ ဗျ …
အခုတော့
မိုးစက်ကလေးများ ဖြေဖျော်လိုက်မှ
မိုးစက်များ တပေါက်ပေါက်နဲ့ မျက်ရည်တို့
အတူစီးကျသွားသည် ။
ရက်စက်တယ် ငွေလမင်း
ပက်စက်တယ် ….
နင့်ကြောင့် ငါ့ မျက်ရည်တွေ ကြိုပြင်ဆင်မထားဘဲ
ပက်ပက်စက်စက်ကို ကျရသည်
ပက်ပက်စက်စက်နဲ့ကို ရွာတဲ့မိုးရယ်
နင်လည်း ..
ရက်စက်တယ် ။
လပြည့်ည မဟုတ်သော
နယုန်လပြည့်
၁၆/၀၆/၂၀၁၁ ကြာသာပတေး
၁၀း ၄၆ pm

In: ကဗျာ Posted By: Date: Jun 17, 2011
Comment #1

အားပေးလိုက်ပါပြီ…gadounlay

Comment #2

ကျေးဇူးပါ ။ ကိုဇော်သက်ဦး နောက်လည်း ကြိုးစားသွားပါမယ် ။

commentinfo By: gadounlay at Jun 17, 2011
Comment #3

nice.

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment