Professional Authors

တနေ့နေ့ ………..

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေကြားမှာ

သူ့လက်ကလေးကိုင် အတူမထိုင်ခဲ့ဖူးပါဘူး

သူ့ပါးပြင်ထက်အနမ်းစက်လဲမခြွှေခဲ့ဖူးပါဘူး

သူ့ပခုံးလေးဖက် ဘုရားပေါ်လဲ အတူ
မတက်ခဲ့ဖူးပါဘူး

ဒါပေမယ့်လဲ……
ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေအောက်မှာ

ရယူခြင်း ပိုင်ဆိုင်ခြင်းကင်းမဲ့စွာ ချစ်ရင်းနဲ့
တနေ့နေ့တော့…..
သူ့လက်လေးတွဲ ဘ၀ဆိုတဲ့ လမ်းထဲ
အတူ လျှောက်လှမ်းချင်မိပါရဲ့……

In: ကဗျာ Posted By: Date: May 24, 2010
Comment #1

အတော်ချစ်ပုံရတယ်နော်

commentinfo By: chittee357 at Jul 14, 2010
Comment #2

hope that coming soon.

commentinfo By: ei lay at Nov 5, 2012
Comment #3

အားပေးသွားပါတယ်.

commentinfo By: May Kha at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment