Professional Authors

ပညတ်ချက်မဲ့တဲ့ .. သံစဉ်

တိတ်ဆိတ်မှုနဲ့ အားငယ်မှုကို
ပံ့ပိုးပေးတဲ့
မှောင်မိုက်ခြင်းထဲမှာ
ငါ့ရဲ့ရှိုက်သံတွေက
ကြေကွဲနေလေရဲ့…………။ 

သီအိုရမ်တွေ ကိုးကားချက်တွေနဲ့မှ
ငါ့ရဲ့အချစ်ကို
သက်သေပြလို့ရမှာမဟုတ်ပါဘူး.………..။

ခေါင်းစဉ်မပါ စာတန်းမထိုးပဲ
တိတ်တိတ်လေး ၀င်လာခဲ့တော့
တိတ်တိတ်ဆိတ်ဆိတ်လေးပဲ
ပြန်လှည့်သွားမယ် ထင်မိခဲ့တာပါ…………။

မထင်မှတ်ဘဲ ငါ့နှလုံးသားထဲမှာ
တော်လဲသံတွေ ညံလို့
ငါကိုယ်တိုင်မသိခဲ့တဲ့
ပညတ်ချက်တွေထဲ
နင့်ကိုမုန်းလိုက်ဖို့ဆိုတာ
မေ့ကျန်ခဲ့တာထင်တယ်……..…….။

မျက်တောင် တစ်ခတ်စာလောက်ပဲ ၀င့်ကြည့်ပေးပါ
ငါ့မျက်ခွံထဲမှာ နင့်အကြည့်လေးကို
နောက်ဆုံးထွက်သက်အထိ
သော့ခတ်ထားချင်လို့လေ……………..။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 12, 2012
Comment #1

Oh….
Yin kone twar p
😉

commentinfo By: ei lay at Sep 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment