Professional Authors

စည်းလွတ်ကတဲ့ သံစဉ် – နရီထက်

နဝေတိမ်တောင်နဲ့ ဝေေ၀သွားတဲ့ ဒီကောင်.. ကိုမှ
အ.အကြီးလို့ မခေါ်လိုက်စမ်းနဲ့
မရှိတဲ့ ကျောပြင် အရိုးတွေ အရောင်မွဲတဲ့ ဒီကောင်…ကိုမှ
လူရိုးနွယ်.. လို့ မစစမ်းနဲ့
ပြာမွှေအရည်ကျိုမယ့် စာရွက်တွေနဲ့ ရူးသွပ်သွားကြတဲ့ လူတွေ..ကို
သမိုင်းဦး… က ခေါ်တွင်ခဲ့စေသလား
အတ္တကို အရည်ကျို သူဌေးဦးလို့ အိမ်မက်က အခေါ်ခံချင်တဲ့ သူတွေ ရှိပါအုန်းမလား
လေပြင်မှာ ရှပ်စီးတဲ့ စကားတစ်ခွန်းနှင့်တင် လျှာအရသာခံချင်ပါဘိ
နားကြားမှာ ပီပီပြင်ပြင်နှင့် ထွက်ပေါ်လာချင်တဲ့ ကိရိယာက … ဂရိတ်ကြီး
ငြင်းပယ်တွန်းဆန်ချင်တဲ့ သုည… တစ်လုံးနှင့် ရန်ဖြစ်ပေါင် များပြီး
ထုထောင်းတွန်းလှန် ပြန်ဆွဲ ရင်ကပ်ကျောကပ် လုပ်ရချေပြီး
အတွေးကို ခ၀ါချ နေပူထုတ်လှန်းတော့ ဦးနှောက်က အရောင်မှိန်သွားတာများတယ်
ဆန့်ကျင်ဘက်အနေနဲ့ ပထမတန်းစားက စိတ်ချမ်းသာမှု
နေ့ဓဓူဝကို အသုံးတော်ခံပြတာကတော့ စည်းလွတ်ဝါးလွတ်ပါပဲလေ…။    ။

နရီထက်
( ၁၉ ၊ ဧပြီလ ၊ ၂၀၁၂ )
In: ကဗျာ Posted By: Date: Apr 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment