Professional Authors

တခါကြုံ တသက်လွမ်း

7blue bluehope

တခါကြုံ ဘ၀ကုန် လွမ်းရပါလား …

သံယောဇဉ်ပါ ချစ်သူ
သူရှာဖွေတွေ့ခဲ့တဲ့ ကိုယ်က
ကိုယ်နှလုံးသားကို သူ့ထံ တချိန်လုံး ပေးဆပ်ခဲ့တယ်ဆိုတာ
ရင်ဖွင့်ပြရင်း မျက်ဝန်းထဲမှာ ကိုယ်တို့ အပြန်အလှန် ချစ်တီးနှောခဲ့မိတယ်။

အချစ်ပိုသွားခဲ့တယ် ချစ်သူ
မထင်ဘဲ တို့ပြန်ဆုံခဲ့တဲ့ တလျောက်
မထင်တဲ့ အကြင်နာတွေ အပြန်အလှန်ဝေမျှရင်း
သူငါကို ဘေးဖယ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အိမ်တစ်ခု တည်ဆောက်ခဲ့ကြတယ်။

ကံကြမ္မာက မျက်နှာသာမပေးဘူး ချစ်သူ
ဘယ်လောက်ဘဲ ရင်ထဲမှာ ရှိနေကြပါစေတော့
သူ့မှာက ကိုယ်ပိုင်လမ်းနဲ့ ကိုယ့်မှာက ရွက်လှေပျက်တစ်စီး
ဘယ်လိုအတွေးနဲ့မှ လေထဲ အိမ်မဆောက်နိုင်ဘဲ မျက်ရည်ထဲ ပက်လက် ရေကူးရပြန်တယ်။

ဝေးကြရအုံးမယ် ချစ်သူ
ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားခဲ့တဲ့ ရက်တချို့က
မထင်မှတ်ဘဲ ရင်ခွင်ထဲထိ အပြန်အလှန် သက်နှင်းဝင်ရောက်ခဲ့ရင်း
မခွဲချင်ဘဲ ဝေးရာကို သူမက ဦးစွာဘဲ လက်ပြနှုတ်ဆက် သွားပါတော့မယ်။

ဆုံနိုင်ခွင့် ရှိပါအုံးမလား ချစ်သူ
မထင်မှတ်ဘဲ သူက ကိုယ့်ကို ချစ်တယ်တဲ့
ကိုယ့်ရင်ထဲ ဘယ်လောက်တောင် ဗလောင်ဆူသွားတယ် မသိ
တိတ်ဆိတ်စွာဘဲ ရင်ဘတ်ကို အကြိမ်ကြိမ်ထုရင်း
တသက်တာ သိမ်းထားရတော့မယ့် အချိန်သေးသေးလေးမှာ
ဆုံနိုင်ခွင့် ရှိတဲ့ ဘ၀တိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ နေရာတိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ အိမ်မက်တိုင်းအတွက်
တခါကြုံ တသက်လွမ်း ဆိုတဲ့ လွမ်းချင်း
နောက်တခါ မငြီးရအောင်
ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း ဆုတောင်းရအောင်နော်။

BlueHope

In: ကဗျာ Posted By: Date: May 31, 2011
Comment #1

ခံစားချက်တွေကိုများ သိလို့  စောင်းမြောင်းရေးထားသလား မှတ် ယူရလောက်အောင်တိုက်ဆိုင်နေတယ်ဗျာ
အရမ်းခံစားရတယ် ဗျာ
ကြီုက်တယ်ဗျာ
နောက်လည်းများများလေး မျှော်နေမယ်ဗျာ

commentinfo By: baydar at May 31, 2011
Comment #2

ဆုံနိုင်ခွင့် ရှိတဲ့ ဘ၀တိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ နေရာတိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ အိမ်မက်တိုင်းအတွက်
တခါကြုံ တသက်လွမ်း ဆိုတဲ့ လွမ်းချင်း
နောက်တခါ မငြီးရအောင်
ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း ဆုတောင်းရအောင်နော်။
……………………………………
………………………ဘာမှ..ပြောလို့မရအောင်ပဲ
….အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #3

ကောင်းလိုက်တဲ့ ခံစားချက် ရိုးရိုေးလးဘဲ ပြောသွားတယ် ရင်ထဲကိုလည်း ရောက်သွားတယ် ယူလဲ ယူသွားပြီ

commentinfo By: dreamflower at May 31, 2011
Comment #4

ohhh..if it’s so …

commentinfo By: dreamflower at May 31, 2011
Comment #5

“ဆုံနိုင်ခွင့် ရှိတဲ့ ဘ၀တိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ နေရာတိုင်းအတွက်
ဆုံနိုင်ခွင့် ရှိတဲ့ အိမ်မက်တိုင်းအတွက်
တခါကြုံ တသက်လွမ်း ဆိုတဲ့ လွမ်းချင်း
နောက်တခါ မငြီးရအောင်
ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း ဆုတောင်းရအောင်နော်။”……
………………….
တကယ်ကောင်းပါတယ်…..။အားပေးသွားတယ်ဗျို့

commentinfo By: ကေသရီ at May 31, 2011
Comment #6

ကိုယ့်တို့ နှလုံးသားကို တခါ နမ်းရင်း ဆုတောင်းရအောင်နော်။
ကောင်းလိုက်တဲ့စာသား။ကြိုက်တယ်ဗျာ။
အားပေးနေပါတယ်။ဆက်ေ၇းပါဦး။ကဗျာလေးတွေ

commentinfo By: Village chat kyi at May 31, 2011
Comment #7

နမ်းတခါ သီတစ်ကြူး ရီမူးခဲ့မျှ ဝေးကြမျှော်ခါခါပါ………… 🙁

commentinfo By: BlueHope at Jun 1, 2011
Comment #8

love forever.

commentinfo By: ei lay at Aug 14, 2011
Comment #9

so touching

commentinfo By: ei lay at Jul 27, 2012
Comment #10

ဆုတောင်းလေး ပြည့်ပါစေနော

~ Kk ~

commentinfo By: Kk at Jul 27, 2012
Comment #11

လွမ်းလိုက်တာ

commentinfo By: BlueHope at Sep 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment