Professional Authors

နတ်ဆိုး

နတ်ဆိုး

မထင်မှတ်ဘဲ ၀င်လာ
မနှင်ဘဲ ပြန်ထွက်သွား
မတားခဲ့ပေမယ့်
ရင်တော့ နာခဲ့တယ် …

မျှော်လင့်ချက်တွေကို ရိုက်ချိုးသွားခဲ့
ဆိုးလွန်းတဲ့ အချစ်တွေနှင့်ပဲ
အခါခါ ငါ ဒူးထောက်ကျ
မဖွင့်ဟပေမယ့်
နားလည်သွားသင့်တယ် …

ကြာခဲ့ပြီ ဆိုပေမယ့်
မနေ့တစ်နေ့ကလို
အတိတ်တွေနှင့် ငါ ကခုန်တုန်း
တကယ်ပါ
ကံတရားက ငါ့ဘက်မှာလို့ထင်ခဲ့မိတာ …

ပြန်မဆုံနိုင်တော့ဘူး ဆိုတဲ့
အသိတစ်ချက်က
ရင်ကို မချိအောင်နာစေတယ် ….
နောက်ထပ်
ဝင်မလာပါနှင့်တော့
ကွဲစရာ အသဲ မရှိတော့လို့ …..

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

so good
I like it

commentinfo By: angel rain at Jul 23, 2010
Comment #2

တကယ် ကွဲစရာ မရှိတော့လို့လား။လိမ်နဲ့နော်……….

commentinfo By: layykyoe at Jan 3, 2011
Comment #3

ပြန်မဆုံနိုင်တော့ဘူး ဆိုတဲ့
အသိတစ်ချက်က
ရင်ကို မချိအောင်နာစေတယ် ….
နောက်ထပ်
ဝင်မလာပါနှင့်တော့
ကွဲစရာ အသဲ မရှိတော့လို့ …..

commentinfo By: အသဲကွဲမိုး at Jun 16, 2011
Comment #4

ရှိတဲ့အသည်း
မကွဲပါစေနဲ့လို့ပဲ
ဆုတောင်းပေးဆဲပါ…
သဒ္ဓါပိုတဲ့….မေပျိုရေ။

commentinfo By: mr.black at Nov 10, 2012
Comment #5

ကျေးဇူးပါ အကို နောက်ထပ်မဖြစ်အောင်ဆင်ခြင်ရမှာပေါ့

commentinfo By: မေပျို at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment