Professional Authors

မထင်မှတ်ပဲ

´´ မထင်မှတ်ပဲ “

တစ်ခါတလေ မထင်မှတ်ပဲ
ဘယ်ကလာမှန်းမသိတဲ့ လေပြေတွေထဲမှာ
မင်းအသံ၊ မင်းရနံ့လေးတွေ ပါပါလာတတ်တယ်။

တစ်ခါတလေ မထင်မှတ်ပဲ
တွေးနေမှန်းမသိ တွေးနေတဲ့အတွေးတွေဟာ
မင်းအကြောင်းတွေပဲ ဖြစ်ဖြစ်နေတတ်တယ်။

တစ်ခါတလေ မထင်မှတ်ပဲ
ရည်ရွယ်ချက်မပါတဲ့ ခြေလမ်းတွေနဲ့
တွေ့နေကျနေရာလေးကို ရောက်ရောက်နေတတ်တယ်။

တစ်ခါတလေ မထင်မှတ်ပဲ
ငါမကြိုက်တဲ့ မင်းသောက်နေကျ
အိုးကလေးနဲ့ဒိန်ချဉ်ကို မှားမှားပြီးမှာနေတတ်တယ်။

တစ်ခါတလေ မထင်မှတ်ပဲ
အလုပ်ထဲမှာ ငါ့ထက်တန်ဘိုးကြီးတဲ့ မင်းမိုဘိုင်းဖုန်းရဲ့ နံပါတ်ကို
ရောင်ပြီး မှားမှားနှိပ်နေတတ်တယ်။

တစ်ခါတလေ မထင်မှတ်ပဲ
မြင်မက်တဲ့အိပ်မက်တွေထဲမှာ မိုးလောက်ကြီးမြင့်တဲ့
မင်းရဲ့သံမဏိမာနဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေဖြစ်နေသတဲ့။

တကယ်တော့မင်းနဲ့ငါ စပြီးတွေ့ခဲ့ကြစဉ်တုန်းက
အဝေးပြေး ရှမ်းမလေးမှန်လုံ လေအိတ်ကားကြီးပေါ်မှာ
မထင်မှတ်ပဲ တစ်ခုံတည်းမှာရင်ခုန်သံချင်း ၀တ်မှုံကူးကြရင်းနဲ့
မထင်မှတ်ပဲ…….
မထင်မှတ်ပဲ…….
မထင်မှတ်ပဲ…….
ဒီလို…နဲ့ တစ်နှစ်တာအတွင်း နောက်ဆုံးမထင်မှတ်တာလေးနဲ့ပဲ….။

မင်းနဲ့အပြိုင် ယှဉ်ပြီးဆိုင်ထားတဲ့ငါ့ရဲ့မာန ပြိုကျပြီးနောက်ပိုင်းမှာ
တစ်ခါတလေ ရူး ကြောင်ကြောင်
တစ်ခါတလေ ပေါ တောတော
တစ်ခါတလေ အ တတ
တစ်ခါတလေ အူ တူတူ
တစ်ခါတလေ ဂေါက် တောက်တောက်
တစ်ခါတလေ ကြောင် တောင်တောင်နဲ့ ရူးသွားခဲ့ရင်အကောင်းသား…

ခွန်ကြယ်ဖြူ /ဆီဆိုင်

ကဗျာ ကဗျာနဲ့ ပြောလို့လွယ်သလောက် ကဗျာတစ်ပုဒ်ဖြစ် လာဖို့အတွက်
နှလုံးသားနဲ့ရင်း ရသလို တစ်ခါတရံမှာလည်း ကဗျာရဲ့ချုပ်နှောင်
ရေးခြစ်ခြင်းကို ခံကြရတယ်ဆိုတာ ရေးဖွဲ့သူကဗျာဆရာတွေထက် ဘယ်သူပိုသိ
မှာလဲလေ….

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ma htin hmat be phat kyi mi par de,.
ma htin hmat be kyike twar de,,
kwi,,kwi,,

commentinfo By: ei lay at Feb 11, 2012
Comment #2

ta ti ta ya ne ko lar yout phat shu twar par d,

commentinfo By: ei lay at Feb 13, 2012
Comment #3

read again par

commentinfo By: ei lay at May 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment