Professional Authors

မြို့ပြင်ထွက်နေတဲ့ မှန်

“ မြို့ပြင်ထွက်နေတဲ့  မှန်  ”

 

ဒီထက် အရေးကြီးတာတွေ ရှိသေးတယ်

ဘဝတစ်ခွေစာမှာ ဘယ်နှစ်နာရီစာ ပျော်ခွင့်ရှိလဲ

ပြန်ပြန်ရစ်ကြည့်နေရတာတင် ဦးနှောက်က နာတယ်

ရင်ထဲကို အမှိုက်တွေ လာမထည့်ပါနဲ့ မိတ်ဆွေ

ကျွန်တော့် နွေရာသီက မီးလောင်တတ်လွန်းလို့

 

ဧည့်ခန်းထဲက ဆုတံဆိပ်တွေ မီးရှို့လိုက်

စိတ်မကောင်းပါဘူး အမေ …. မလိုအပ်တော့လို့ပါ

တကောက်ကောက်လိုက်နေရတာ ပျင်းတယ်

နေရိပ်အလာကို နေပူကလည်း မစောင့်တတ်ဘူး

သတ္တိနည်းတာ မဟုတ်ဘူး အမေရဲ့

ထီးဆောင်းသွားလည်း ဖြစ်တာပဲ မဟုတ်လား

 

တစ်နဲ့တစ်ပေါင်းပြီး နှစ်ရတာ မသိချင်ဘူး

ကျွန်တော်သိချင်တာက အဲဒီ တစ်ဆိုတာ ဘာလဲ

သက်တမ်းလွန်နေတဲ့ ပုံသေနည်းတွေ

ပြောင်းပြန်စစ်နေရတဲ့ ခြေရာတွေ

အဆုံးကျမှ မှားမှန်းသိနေတဲ့ အဖြေတွေ

တခါတခါ ကိုယ့်ကိုကိုယ် လှည့်စားရတာ

အသည်းနာလို့ မဆုံးဘူး

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Aug 22, 2012
Comment #1

khan sarr arr pay twar par de

commentinfo By: ei lay at Aug 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment