ငါ……….ချင်ဘူး
ငါမသိချင်ဘူး နာကျင်မှုဆိုတာကို
ငါမဖြစ်ချင်ဘူး မင်း အဝေးကလူ
ငါမကြားချင်ဘူး မင်းအတင်းတွေ
ငါမပြောချင်ဘူး လမ်းခွဲဖို့
ငါမတွေးချင်ဘူး မင်းရင်ခုန်သံတွေ တစ်ခြားတစ်ယောက်ဆီမှာ မွေ့ပျော်နေပြီဆိုတာ
ငါမတွေ့ချင်ဘူး မင်းငိုနေတာ
ငါမလွမ်းချင်ဘူး ရင်ဘတ်အဟောင်းသားနဲ့
ငါမပြောင်းချင်ဘူး မင်းဘက်က foul နေတာတောင်
ငါခွင့်မလွှတ်ချင်ဘူး မင်း…..မင်း ရက်စက်တာကို 420 ရိုက်တာကို လှေနံနှစ်ဖက်နင်းတာကို
ဒါပေမယ့် နောက်ဆုံးတော့လည်း ငါ့နှလုံးသားဘဲ အစုတ်ပြတ်ခံ စတေးခံ အရှင်လတ်လတ်အသေခံပြီး မင်းကို……..ခွင့်……..လွှတ်………လိုက်………တယ်……..ချစ်…….လွန်း………လို့
22.7.2011.
4:00 am
Comment #2
အားပေးတဲ့ မေခကို ကျေးဇူးတင်တယ်ဗျာ အားပေးတဲ့သူ တစ်ယောက်ပဲရှိပေမယ့် တစ်ယောက်ရှိရှိ နှစ်ယောက်ရှိရှိ အားပေးတယ်ဆိုကတည်းက ray အတွက် အားဆေးပဲ ဒါကြောင့် ဆက်ကြိုးစားနေမှာပါ
By: X - ray at Jul 28, 2011
Comment #3
တို့လဲအားပေးပါတယ်…ဆက်ကြိုးစားပါဦးနော်…အားပေးချင်လို့..
By: ကြယ်စင်နတ်သမီး at Jul 28, 2011
Comment #4
အားပေးတဲ့ ကြယ်စင်နတ်သမီးကို ကျေးဇူးတင်ပါတယ်ဗျာ။
By: X - ray at Jul 28, 2011
Comment #5
har………………
heart hti twar p.
me too………
be lo hma ma chit pe ma nay naing bu.
By: eilay at Aug 1, 2011
Comment #6
အားပေးတဲ့ မအိလေး ကျေးဇူးပါဗျာ ။
By: X - ray at Aug 1, 2011
Comment #7
နောက်ဆုံးတော့လည်း ငါ့နှလုံးသားဘဲ
အစုတ်ပြတ်ခံ စတေးခံ
အရှင်လတ်လတ်အသေခံပြီး
မင်းကို ခွင့်လွတ်လိုက်တယ် ချစ်လွန်းလို့……
great..!!
By: ဖိုးနမ်း at Aug 3, 2011
Comment #8
အားပေးတဲ့ ကိုဖိုးနမ်း ကျေးဇူးပါဗျာ ။
By: X - ray at Aug 4, 2011
Comment #10
ကဗျာကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
နောင်လည်း ကျွန်တော့ကဗျာတွေဖတ်ဖြစ်ရင် စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ် ~
With respect,
RAY
By: X - ray at Jul 12, 2013
Comment #11
har might dal nar….kar yan tray nar pae tray nat
also funny
By: cynthia at Jul 12, 2013




Comment #1
ငါမသိချင်ဘူး နာကျင်မှုဆိုတာကို
ငါမဖြစ်ချင်ဘူး မင်း အဝေးကလူ…………………
(အားပေးသွားတယ်နော်)