ဧဒင်ဥယျာဉ်..ဆီသို့(genius)
ရပ်တည်ခြင်းပဲ ကွဲ…ကွဲ
နိုင်ငံခြင်းပဲ ခြား….ခြား
သတိရခြင်းတွေကတော့
ရှေးဟောင်းဆန်တုန်းပါပဲ။
ရာစုနှစ်တွေရဲ့
လူနေမှု့လည်း မသိချင်ဘူး။
ကမ္ဘာဦးက
လူနှစ်ယောက်လည်း မသိချင်ဘူး။
ကျွန်တော်ပေးလိုက်တဲ့
ကြည်ပြာရောင်….
ပန်းသီးတစ်လုံးကိုတော့
ရေခြားမြေခြားထိ
ယူဆောင်ပေးသွားပါ…ချစ်သူ။
အဆင်မပြေမှုတွေ
ကြုံ….မျက်ရည်မ၀ဲနဲ့
အတိတ်ဆိုတာကို
အမြဲတမ်း….တွေး
ပျော်စရာတွေမှာ
တို့နှစ်ယောက်….
ပိုင်ခဲ့တယ်..ဆိုင်ခဲ့တယ်။
မမေ့လိုက်နဲ့…နော်
ငါထည့်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာ
မအေးစက်အောင်
(အမြဲ….)
ဂရုစိုက်ထားပေး
မင်းပြန်လာတာနဲ့
ဧဒင်ဥယျာဉ်မှာ
နှစ်ယောက်အတူ
ပန်းသီး..သွားခူးစားကြမယ်။
Comment #2
ကျွန်တော်ပေးလိုက်တဲ့
ကြည်ပြာရောင်….
ပန်းသီးတစ်လုံးကိုတော့
ရေခြားမြေခြားထိ
ယူဆောင်ပေးသွားပါ…ချစ်သူ။
အဆင်မပြေမှုတွေ
ကြုံ….မျက်ရည်မ၀ဲနဲ့
အတိတ်ဆိုတာကို
အမြဲတမ်း….တွေး
ပျော်စရာတွေမှာ
တို့နှစ်ယောက်….
ပိုင်ခဲ့တယ်..ဆိုင်ခဲ့တယ်။
မမေ့လိုက်နဲ့…နော်
ငါထည့်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာ
မအေးစက်အောင်
(အမြဲ….)
ဂရုစိုက်ထားပေး
မင်းပြန်လာတာနဲ့
ဧဒင်ဥယျာဉ်မှာ
နှစ်ယောက်အတူ
ပန်းသီး..သွားခူးစားကြမယ်။
By: ဇော်သက်ဦး(Ayatekalay) at Jan 17, 2012
Comment #3
ရပ်တည်ခြင်းပဲ ကွဲ…ကွဲ
နိုင်ငံခြင်းပဲ ခြား….ခြား
သတိရခြင်းတွေကတော့
ရှေးဟောင်းဆန်တုန်းပါပဲ။
By: May Kha at Jan 17, 2012
Comment #5
he,,he,,
hote ke,,
By: ei lay at Jan 17, 2012
Comment #7
အဖြူရောင်ပြတိုက်
– ကန့်သတ်ထားတဲ့စည်း
ခြားထားတဲ့ဘောင်
ဒါတွေကိုသိရက်နဲ့
အသိခက်တဲ့ငါ့စိတ်တွေက
သတိမဲ့စွာရှုန်းထွက်မိခဲ့ပေါ့
သတိတ၇ားတွေကရှိထားရုံပဲ
ငါလေအသိမှားခဲ့တယ်
အဖြူေ၇ာင်နေ့၇က်တွေပျောက်ဆုံး
၇င်ခုန်သံတွေကျိုးပဲ့
ငါ့သိက္ခာတွေမြောင်းထဲေ၇ာက်ခဲ့၇တယ်
ချစ်မိခြင်းအတွက်တော့
နောင်တမ၇မိဘူး
ငါ့အချစ်တွေကို
အဖြူေ၇ာင်ပြတိုက်ထဲမှာ
ထာ၀၇သိမ်းဆည်းထားမှာပါ…
ဆောင်းလေပြေ(KTU)
By: yazartun at Feb 24, 2012
Comment #8
အနေကြာရင်တော့ မေ့သွားမှာပါတဲ့ ဒါပေမဲ့မိန်းခလေး မှတ်ရစရာလေးတွေ မြင်ယောင်မိပြန်တော့ သတိရမိတဲ့ကိုယ့်ကို ဗွေမယူပါနဲ့ ထဝရအလင်းရောင်
By: လမင်းမောင်မောင် ဟင်္သာတ at Jul 15, 2013
Comment #9
ကိုယ်ဘဝကိုယ်သိ အတွေး လေးနဲ့ ဆင်ခြေပေးသူ လူအများမှာ ဤကမ္ဘာမှာ အများကြီးပါ အမြဲတမ်းပြုံး သာယာပျော်ရွှင် အေးချမ်းစေဖို့ မလွယ်ပါကွယ် လူတိုင်းလူတိုင်း အတိတ်ကိုမေ့ ဘယ်ခါသ၍ အနာဂါတ်၌ သာယာဖြောင့်ဖြူး မလွယ်ပါချေ ဤအတွက်မို့ ကြိုးစားပါဟု ဆန္ဒမေတ္တာ ပြူပါလျက်
By: လမင်းမောင်မောင် ဟင်္သာတ at Jul 15, 2013
Comment #10
တိတ်တခိုး၇င်ခုန်မိတဲ.နှလုံးသားထဲမှာနင်နဲ.ပတ်သက်တဲ.အ၇ာ၇ာတိုင်းကိုမြတ်နိုးစွာသိမ်းဆည်း၇င်းသူငယ်ချင်းလိုခင်ပါတယ်ဆိုတဲ.နင်.၇ဲ.ဖြူစင်မှုအတွက်တစ်ဖတ်သက်ဖြစ်ခဲ.၇တဲ.နှလုံးသားကဖြစ်ချင်တာဖြစ်ခွင်.မ၇တဲ.ဘ၀မှာဆိုင်သူမသိတဲ.အလွမ်းတွေနဲ. အဝေးတစ်နေ၇ာကကောင်မလေး (ချစ်လေး)
By: ချစ်ပို at Aug 3, 2013




Comment #1
ငါထည့်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာ
မအေးစက်အောင်
(အမြဲ….)
ဂရုစိုက်ထားပေး
ဂရုစိုက်နေပါစေဗျာ…
အားပေးသွားပါတယ်။