Professional Authors

နတ်သမီး

မိုးနဲ့မြေ ကြားထဲ ခရီးထွင်ဖို့

စွန်တစ်ကောင်လို့

လေနှင်ရာ ခရီးနှင်ခဲ့ပါတယ်

လေအဟုန်ကို ဆန်တက်လို့

အတောင်တွေ

နွမ်းလျနေအောင် ဆက်ဆက်

လွှင့်နေခဲ့တဲ့ အထိပေါ့..

 

လေထု ဖိအား

ဘယ်လောက်များလဲ မသိချင်ဘူး

လေတိုက်နှုန်း

ဘယ်လောက်မြန်လဲ ဆိုတာလဲ

မသိချင်ဘူး

ငါကိုယ်တိုင်ကမှ

အချစ်ကို မဖမ်းနိုင်ခဲ့တာလေ..

 

မြင်နေတဲ့ မြေပြင်ဆိုတာလဲ

ငါကျဆုံးဖို့ ဖန်ဆင်း ပေးထားလေသလားပဲ!

မိုးပြင်ဆိုတာတော့

အလှမ်းဝေးလွန်းတယ် မဟုတ်လား

အခုတော့..

တိတ်တခိုးနဲ့ ကျိတ်ထိုးပြီး

လေထုထဲ ရွက်ကုန်ဖွင့်လို့

ပျံဝဲနေတဲ့ အဖြစ်..

 

မိုး နဲ့ မြေကို ဖန်ဆင်းခဲ့ပြီးမှ

ငါအတွက်

အချစ်ကို ဖန်ဆင်းဖို့

မေ့ရောသွားလေသလား!

ဒါမှမဟုတ်

မင်းကိုယ်တိုင် အချစ်ကို

မဖန်ဆင်း ချင်တာလား!

 

ဘယ်လိုပဲဖြစ်ဖြစ်..

မင်းက ငါရှင်သန်ဖို့

ကိုယ်ထင်ပြတဲ့ နတ်သမီးပါ..

 

ငါ့အိပ်မက်တွေတိုင်း

အမြဲ ကိုယ်ထင်ပြတယ်

ပြုံးရုံလေးပဲ ပြုံးပြတယ်

ဘာစကားမှ မဖွင့်ဟသွားဘူး..

ငါလဲ ဘာစကားမှ မဖွင့်ဟ မိဘူး..

 

အိမ်မက်ထဲတော့ မဖွင့်ဟချင်ဘူး ချစ်သူရယ်..

In: ကဗျာ Posted By: Date: Nov 11, 2011
Comment #1

ti yin p tar pe lay.
ane met hte hmar pyaw yin ti hmar hote bu naw.
koh lo myo lat tway pyaw like.

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment