Professional Authors

အဆိပ်တတ်ခဲ့သော ကဗျာ

နင် က အပြုံးနဲ့ ထွက်သွားပေမဲ့
ငါ့မှာက အငိုမျက်လုံးနဲ့ 
ဘယ်လောက်များ မတရားလိုက်သလဲ
ကွဲကွာသွားရခြင်း အတူတူမှာ
နောက်ဆုံး . . . ငါပဲ မျက်ရည်ကျရတယ် . . .

အဲဒီနေ့ က
အသွားထက်ထက် ဓါးတစ်လက်
ငါ့ ရင်မှာ လာ ထိုးစိုက်သွားသလိုပဲ
နင် မရှိတော့ဘူး တဲ့ လား
ငါ မယုံနိုင်ဘူး
မယုံကြည်နိုင်ခဲ့ပေမဲ့
ယုံလောက်စရာ အကြောင်းပြချက် နဲ့ 
နင် နှုတ်ဆက် သွားခဲ့ပြီ . . .

ကြမ္မာ က ငင်တဲ့ သားကောင်ဟာ
နင် တဲ့လား
စို့ နစ် မှုတွေက မျက်ရည်အဖြစ်
ငါ့ ပါးပြင်ထက် သူတို့ လမ်းလျှောက်ခဲ့ကြပြီ
ပြန်မရနိုင်တော့မှန်း သိပါလျက်နဲ့ 
ပြန်လိုချင်ခဲ့မိ တယ်
(တကယ်တော့)
ငါ့ကောင်းကင် က
အဲဒီ နေ့ ကတည်းက ပြိုသွားပြီ ၊၊

အမှန်ကိုမြင်ခြင်းဟာ အမှန်တရားကို သိခြင်းတဲ့
တကယ်တော့ ငါ အခုထိ အမှန်တရားဆိုတာကို
မမြင်ရဲသေးဘူး မသိရဲသေးဘူး
မြင်လဲ မမြင်ချင်ဘူး သိလဲ မသိချင်ဘူး
ရူးနေတယ် ဆိုတာထက် ရူးချင်ယောင်ဆောင်နေတာ
ငါ မလိုချင်တဲ့ သတင်း အတင်း မပေးနဲ့ 
သတင်းမှန်ဆိုရင်တောင် ငါ ဟာ ငါ မဟုတ်ဘူး  . . .

အလို . . .
ငါ နင့်ကို မြင်နေရပါလား
အရင်လို အပြုံးတို့ နဲ့  အရင်လို လတ်ဆတ်နေတုန်းပဲ
နောက်တော့ . . . . နင်ဟာ
တဖြည်းဖြည်းနဲ့ေ၀၀ါး ပျောက်ကွယ် 
 ငါ့ရဲ့  အဲဒီ အပျော် တွေ ဆိတ်သုဉ်းသွားတယ်  . . .

တကယ်တော့ ငါမရူးခဲ့ဘူး
ငါ့ စိတ်ကို ပိတ်ပင် တားဆီး
သူတို့ ငါ့ကို လောင်ပိတ်ခဲ့ကြတယ်
မွန်းကြပ်မှုတို့ နဲ့ 
ဒီ အမှန်တရား ခါးခါးတွေ ကြား
ငါဟာ အမှန် တရားဆိုတာကို မုန်းတီးတတ်လာတယ်
ဘယ်သူတွေ သင်ပြလို့ ဘယ်သူတွေ တတ်မြောက်ခဲ့ပါသလဲ
ငါ့ နံရံ ကို သူတို့ ကြက်ခြေ ခတ်ခဲ့ကြတယ် . . .

မုန်းတယ် . . .
အဲဒီ အဖြူရောင်ဝတ်ရုံတွေ အောက်က
သူတို့ ဂရုဏာ မျက်ဝန်းတွေကို မုန်းတယ်
ခင်ဗျား တို့ ရှေ့ တိုးမလာကြနဲ့ 
ငါ့စိတ် ကို ငါထိန်း ငါ့ပင်လယ် ငါကူးနေတယ်
နင် ဘယ်မှာလဲ ဟာ
ငါ့ စိတ်ကူး ငါ့ဘ၀ ငါ့အိပ်မက်
အဲဒီ ပုံသေ စာမျက်နှာတွေထဲမှာ
နင် မရှိတော့ဘူး
နင် ဘယ်မှာလဲ
ငါ ဒီ အခန်းကျဉ်းထဲမှာ
ဝင်သက် ထွက်သက် ရှုရှိုက်နေရရုံကလွဲလို့ 
ငါ သေသွားပြီ . . .ငါ သေသွားပြီ ၊၊

အတိတ်က အမှောင်လမ်း ကျဉ်းလေးမှာ
ငါ့ အလင်းတွေ ရှိတယ်
နှစ်ယောက်တွဲ ရမဲ့ လမ်းမှာ
ငါ တစ်ယောက်တည်း
ငါ့ ခြေရာ ငါကောက်
ငါ့ အိပ်မက် တွေ ရာသီမှားပြီး ကြွေကျခဲ့တယ်
အခုတော့ ငါ့ အလင်း လမ်းမှာ
အရိပ် အမှောင်တွေ ဖုံးကုန်ပြီ . . .

ငါ ဖြစ်ချင်တာ တစ်ခုပဲ ရှိတော့တယ်
နင် နဲ့ မချစ်ခဲ့စဉ်က အချိန်တွေကိုပြန်သွား
အဲဒီ အမှောင်လမ်းကျဉ်းထဲမှာ
ကဗျာ ဆရာ ပဲ လုပ်တော့ မယ်  ၊၊     ၊၊


(၂၀.၉.၂၀၁၀)

In: ကဗျာ Posted By: Date: Sep 20, 2010
Comment #1

ကောင်းတယ်ဗျာ … ကြိုက်တယ်..

commentinfo By: Nyar Lat Taw at Sep 20, 2010
Comment #2

way to go!

commentinfo By: Za TaGwel at Oct 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment