Professional Authors

“ စိတ်ကစေသော အက္ခရာ ”

ဘ၀တစ်ခုကောင်းစားရေးလို့ ခေါင်းစဉ်တပ်
ပဲ့တင်သံတွေကို မကြားဟန်ပြုရမဲ့
နင် ပေးတဲ့ဂါထာက
ငါ့ အတွက်တော့တေးဖြစ်မလာဘူး … ။

တစ်နဲ့တစ်ပေါင်း
တစ်အကြောင်းလောက်သိတဲ့ ငါနဲ့
နင် ပြောတဲ့အတ္တစီးပွားရေး
တော်တော်လေးတော့ အလှမ်းဝေးပါတယ် … ။

ဘယ်ဘက်အခြမ်းက လာတဲ့
လက်တစ်ကမ်းစာ အခွင့်အရေးကို
ပိုးစုန်းကြူးသာသာ အလင်းနဲ့
ခဏခြင်းမှာပဲ မေ့ခဲ့ပါရစေတော့ ချစ်သူ ။

ပန်းပျိုးသူဖြစ်တဲ့ ငါကတော့
ကိုယ်နဲ့မဆိုင်တော့တဲ့ ပန်း
ခပ်လှမ်းလှမ်းကပဲ မနွမ်းစေကြောင်း
ဆု … တောင်း … ရင်း … နဲ့ . . . . .

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

ကောင်း၏…။

commentinfo By: SoFarAwayFromU at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment