Professional Authors

လှသော မျက်နှာ၏ အခြားတစ်ဖက် – ဒီရေလှိုင်း

ရိုမန်တစ်ညတစ်ညမှာ
ကိုထီးဆိုင်ရဲ ဂန္ထ၀င်ကဗျာတစ်ပုဒ်နဲ့ စီးမျော
ကြည်နူးခြင်းတွေကို
အရည်ဖျော်သောက်လိုက်တဲ့အခါ
အလို
လ၀န်းမှာ ဒါဏ်ရာတွေနဲ့ပါလား

သာယာချမ်းမြ ရွှန်းမြမြ
ဝင်းပနေတဲ့ သူ့အလှရတနာကို
စန္ဒာ ၊ သော်တာ ၊ ပုဏ္ဏာမာ အမည်ခေါ်လို့
ကမ္ဘာပေါ်မှာ ကဗျာလေးတွေစီ
ဂီတတေးတွေ ဖွဲ့သီလို့မဆုံး
အားလုံးက ချစ်တတ်တဲ့နှလုံးသားလေးနဲ့
အေးချမ်းမှု အဖုံဖုံ
သုခဘုံလို့တင်စားခဲ့

မသာလည်းတ သာလည်းတ
ဖိုးလငွေစန္ဒာတဲ့
ဒီကမ္ဘာကို သူအေးမြမှုတွေဖြာကျ
ညအခါအမှောင်ကို ခွင်း
သူ့အလင်းပပ၀င်းကို
ချစ်ခြင်းတွေက ထင်ထင်လင်း
သီချင်းကဗျာတွေဖွဲ့သီလို့မကုန်
အိုစုံလင်လို့ပါပဲ

သူ့ကို ကျူးပစ်လိုအမြင်နဲ့
အထူးချစ်တဲ့သူတွေအတွက်
သူ့ကိုအောင်သွယ်ခိုင်းကြ
တိုင်တည် ရင်ဖွင့်ကြ
တစိမ့်စိမ့်ငေး
တသိမ့်သိမ့်ဆွေးကြ
ချစ်သူ မျက်နှာ ငွေလ
ရွှင်ပပနဲ့
ခင်မ၀မ်းမြောက်ပါလေတော့ရယ်လို့
ရေးသီကြ အော်
တေးပန်းချီအလှတွေမှာဖော်ပြ
သူဟာဇာတ်လိုက်ကျော် ဘ၀နဲ့ပေါ့ ။

လ၀န်းရဲ့ ချမ်းမြမြ အခြားတစ်ဖက်မှာ
တစ်ချက်ငဲ့ကြည့်လိုက်ပါ
နေသူရိန်ရဲ့ အရှိန်တညီးညီးကို
ခါးစည်းခံ
ပူဟန်ကို အံခဲလို့
ဒါဏ်အစွဲတွေ
လူတွေမမြင်အောင်
သူ့ရောင်စဉ် အေးအေးလေးနဲ့
ကမ္ဘာမြေကို
ငြိမ်းချမ်းစေခဲ့
အကာကွယ်မဲ့ သူ့မျက်နှာက
ဖွကြဲနေတဲ့ ဒါဏ်ချက်တွေကို
သူသိုဝှက်လို့ဖုံး
လူသားတွေနှလုံးသားမှာ
ရွှင်လန်းပြုံးများရစေဖို့အတွက်
အံကြိတ်လို့ခံစား
သူ့အလှတရားလင်းရောင်အလှကို
ကမ္ဘာမြေကို ကျစေခဲ့ ။

ရိုမန်တစ်ညတစ်ညမှာ
ကိုထီးဆိုင်ရဲ ဂန္ထ၀င်ကဗျာတစ်ပုဒ်နဲ့ စီးမျော
ကြည်နူးခြင်းတွေကို
အရည်ဖျော်သောက်လိုက်တဲ့အခါ
အလို
လ၀န်းမှာ ဒါဏ်ရာတွေနဲ့ပါလား ။  ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment