Professional Authors

အမတ ဇွဲကပင် – ဒီရေလှိုင်း

ဒဏ္ဍာရီပုံပြင်တွေထဲက
မဟာဆန်တဲ့ ရဲတိုက်ကြီးတစ်ခုလို
လေထဲလွင့်မျော နေပုံများ
ရင်သပ်ရှုမောလွန်းပါရဲ့

သံလွင်မြစ်တကြောက ကြည့်ရင်
ပုံစံအမျိုးမျိုးပြောင်းတတ်သွား

ပုံကလည်း
ဒေးဗစ်ကောပါးဖီးရဲ့ ပဉ္စလက်ပြကွက်များထက်တောင်
ဆန်းပြားခန်းနားလွန်းပါရဲ့

ဂျပန်က ဖူဂျီယာမလှသတဲ့လား
အော် သူတို့က ဒီဇွဲကပင်ကို မမြင်ဖူးလို့ပ
အီဖယ်မျှော်စင် ဆန်းပြားတယ်ဆိုတာ
ဒီု့ဇွဲကပင်က သနား သူတို့ထက်ကို ပိုခမ်းနားနေ
လေဘာတီရုပ်ထု ရဲ့ အလှအပထက်
သဘာဝကျကျ လှပနေတဲ့ တို့ဇွဲကပင်
အီဂျစ်ပစ်ရမစ်တွေ ခန်းနားကြီးကျယ်လွန်းတယ်တဲ့
ဟော တိုဇွဲကပင်ကြီးက ပြုံးနေလိုက်တာများ
အားပါပါ  စကားလုံးတွေထက်လွန်မြောက်သွား
လှလွန်းမကလှနေပါလား ။

ဇွဲကပင်ကြီးရေ
ဒီမြေ ဒီရေမှာ မင်းကတော့
နှစ်ပေါင်းများစွာ အဓွန့်ရှည် ကျန်းမာလို့နေလေရဲ့
မင်းရဲ့ အရိပ်အေးအေးအောက်မှာ
ခိုလှုံရောက်သူတိုင်းကို
ကြည်နူးမှုတွေပေးနေလေရဲ့
ဒီကမ္ဘာမှာ ဘာတွေပြောင်းလည်းလည်း
မဟောင်းပဲ အမြဲသစ်လို့ ချစ်တတ်လွန်းတာ ဇွဲကပင်ပါပဲ
မင်းနဲ့ တို့အားလုံးရဲ့ အပြန်အလှန်ချစ်တတ်မှုတွေက
မြင့်မြတ်မှုတွေနဲ့ ဒီ ဒီလောကမြေကို
မောဟအပြစ် ၊ သောကအညစ်တွေ လွင့်လို့
အဟောဝတဖြစ်အောင်  ကြိုးစားရင်း

နိုးကြားခြင်းတွေနဲ့မင်းကို
မျက်တောင်မခတ် ရှုမောနေလေရဲ့-

အို အသင်ဇွဲကပင်
သင့်ရင်ခွင် ၊ သင့်နန်းပြင်မှာ
ငြိမ်းချမ်းခြင်းများနဲ့ပျော်ရွှင်
ချစ်ကြည်ခြင်းများနဲ့ ရှင်သန်
ညီညွတ်ခြင်းတေးသံတို့လွင့်ပျံ
တို့ညီကိုတွေတွဲသောလက်များ
ခိုင်မာစွာမြဲလျက်
ထာဝရ မခွဲခွာ
ဒီကမ္ဘာမြေမှာ
တည်ပါစေ
သင့်အလှတရားတွေ
ပိုလှလို့တာရှည်ကြောင်း
ကျွန်ုပ်ဆုတောင်းခဲ့ပါရဲ့ ။  ။

( ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းစေကြောင်း ဆန္ဒဖြင့် ဖွဲ့သီပါသည် ။ )

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment