Professional Authors

သံစဉ်ချို တေးတစ်ပုဒ် – ဒီရေလှိုင်း

ကိုယ်ကမသီကုံး
မခြယ်မှုန်းခဲ့ပေမဲ့
သူနဂို နှလုံးသားဗီဇမှာက
ဂီတဆိုတာ
အလိုလိုဖြစ်နေတဲ့
ကြည်မြတဲ့
သံစဉ်ချိုလှလှလေးတစ်ပုဒ်ပါ ။

ဖြူစင်သောစိတ်ထား
ကောင်းမြတ်သောနှလုံးသား
မေတ္တာတရားများမွန်မြတ်စွာနဲ့
———-ကနေ
ကမ္ဘာမြေကို ဖြန့်ကျက်
ပြန့်ထွက်လို့ လှနေ
ဝင်းပတဲ့ သံစဉ်တေးပါ ။

သူ့သံစဉ် တေးသွဲ့သွဲ့ကို
သဲ့သဲ့လေးကြားလိုက်ယုံနဲ့
ယဲ့ယဲ့လေး ခုန်နေတဲ့
နှလုံးသား အဖုံဖုံဟာ……………………..
ရှင်သန်လို့ နိုးကြား
ခွန်အားများ ရစေခဲ့တယ် ။

မိုးဇက်နဲ့ ဂျောက်ဂျက်တို့် ရော
ရော့စတီးဝပ်နဲ့ ဇော်ဝင်းထွဋ် သမ
မြ၀တီမင်းကြီးဦးစနဲ့ ဗေသို့ဗင်တို့ပေါင်းစပ်
ကောင်းမြတ်တဲ့နှလုံးသား
ချစ်ခြင်းများဖြင့်
အပြစ်ယွင်းမမှားစွာ သာယာချိုမြမြ
လောကကို လှစေတဲ့
သံစဉ်လေးတစ်ခုပါ ။

ကိုယ့်ဘ၀က ကြမ်းရှ
ပီသတဲ့တေးတစ်ပုဒ်ကို
မဆိုနိုင် မှိုင်တွေတွေအခြေအနေကြောင့်
ရင်မှာ ရူးရ စူးရှတဲ့သံစဉ်
မကြင်နာခြေခွဲလို့
ရင်မှာကြေကွဲတဲ့ သံစဉ်
ခံစားမှုတွေဖေါက်ခွဲ ၊ ပေါက်ကွဲသံစဉ်
လောကစိမ်းလန်းရေးအတွက် ငြိမ်းချမ်းရေးသံစဉ်
ရင်မှာ ဆူဝေလို့ အပူတွေနဲ့သံစဉ်
ဘယ်လိုသံစဉ် ဖြစ်ပါစေ
ကိုယ်တိုင် ဆိုသီဖို့မကြိုးစား
စာနာတရားနဲ့ နားဆင်
သိတတ်ခြင်းနဲ့အားပေး
ဝေးဝေးတစ်နေရာကနေ
သံစဉ်ချိုမြမြလို
သွဲ့ပျောင်းကာ သူ့ဘဝ
အမြဲသာ လှပစေကြောင်း
အခါခါ ဆုတောင်းနေပါတယ် ။ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment