Professional Authors

လွမ်းစိတ်ဧ။်အခြားတစ်ဖက်

အိမ်မက်ပင်တန်းက အလွမ်းပွင့်ရင်
မင်းကို လိုက်ခေါ်ချင်မိတယ်
အချစ်ကတော့ အမည် အသစ်နဲ့ပေါ့
စွဲလန်းခြင်းတွေက ရေတွင်းနဲ့တစ်လုံး
ခပ်သုံးလို့ မကုန်နိုင်ဘူးလေ
ငါ့ဘ၀က———
မြင်းကိုနောက်ပြန်စီးမိသလို
ဖြတ်သန်းခဲ့သမျှကို
ခရီးလွန်မှ မြင်ရ
ဒလိမ့်ခေါက်ကွေးပြုတ်ကျ ခဲ့ပေါင်းလည် များပြီးလေ
ဒါပေမဲ့ မင်းက မာနတွေနဲ့ ကြယ်တစ်ခင်းပျိုးခဲ့လို့
ငါ့ရင်မှာ တစ်နေရာလပ်ခဲ့ရပြီး ——————-
In: ကဗျာ Posted By: Date: Jun 12, 2010
Comment #1

ကဗျာ ထဲမှာ စကားလုံးတွေကို
ခပ်နက်နက် ထူးထည့်ထားတော့
ဖတ်ရတာ လေးနက်တယ်ဗျာ
“အချစ်ဆို တာ
ကိုယ်ဖြစ်ချင်သလို
ဖြစ်လာတာတဲ့ အစားမှ
မဟုတ်တာဗျာ .. ”
နားလည်ပေးနေမှ သက်သာမယ် ဗျ…။

commentinfo By: barnay at Jun 12, 2010
Comment #2

မာနနဲ့စိုက်တဲ့ပျိုးခင်းက ပိုရှင်သန် အားကောင်းတယ် ….

commentinfo By: နတ်သမီး at Dec 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment