Professional Authors

အလွမ်းရင့်ရင့် ငါးနှစ်တိုင်တိုင် – ဒီရေလှိုင်း

ဇွန်မိုးဦးတွေ
ရွာခဲ့ပြီလေ
လေရူးကမွှေ့ ဒီတစ်နေ့မှာ
ဝေးကွေ့ကမ္ဘာကို
ပြေးရွှေ့ရှာသူကြောင့်
တွေးမမေ့စရာ ငါလိုလူမှာ
ဆွေးမြေ့စရာ ဒါဏ်ရာအပူပူတွေနဲ့
ကံကြမ္မာမလှ တိမ်တွေပြိုသလို
ငါငိုခဲ့တာ
မာယာချို
သိပါ့မလား ။

မာယာချိုရယ်
ငယ်ချစ်ဆိုတာ
တကယ်စစ်ရင် ဆယ်နှစ်တောင်
ခဏလေးပါဆို
ဘာမှတောင်မကြာတဲ့
ချစ်သက်တမ်း ငါးနှစ်သာသာမှာ
တအားချစ်ပါတယ်ဆိုတဲ့တို့ကို
အမှားမပြစ် မရှိရာဘဲ
ထားရစ်ခဲ့တာ
ဘယ်သူပါလည်း
မာယာချို ။

မာယာချိုရယ်
ဧပရယ် နွေတစ်ရက်မှာ
US ကို နင်ထွက်ခွာခဲ့စဉ်က
မကြာခင် မြန်စွာပင်
ပြန်လာချင်တယ်လို
နင်ဒီလိုဆိုခဲ့ပေမဲ့
နှစ်လဆိုတဲ့
တခဏလး အချိန်တွင်းမှာ
အမြင်ခြင်းတွေ ကွဲပြား
ဘ၀ခြင်းတွေ ခွဲခြား
နင် ပြောင်းလဲသွားခဲ့တယ်
မာယာချိုရယ် ။

မာယာချိုရယ်
မကြုံဖူးလို့ မယုံခဲ့ပေမဲ့
ဆုံခဲ့တာ တကယ့်အဖြစ်အပျက်
ဇွန်(၂၈)ရက်မှာလေ
ဒီသတင်း ငါကြား
မှားများမှားလေမလား
စိတ်ထဲဒီလို ထင်ထားခဲ့ပေမဲ့
L.A မှာ ပျော်နေတဲ့
နှစ်ယောက်သားက
အဖော်ဖြစ်လို့ အတော်ချစ်နေတယ်တဲ့
အပျော်တွေ့လို့
တော်တော်မွေ့နေတယ်အကြောင်း
ငါကောင်းကောင်းကြီးသိ
လက်ခံမိလိုက်တယ်
မာယာချိုရယ် ။

မာယာချိုရယ်
အနာအဆာနဲ့
ကဗျာဆရာရဲ့
နှလုံးသားကို
အမုန်းများနဲ့
တစ်ခန်းရပ်
အလွမ်းဇာတ်နဲ့ ပြီး
အပူမီးတွေ တငြီးငြီးတောက်အောင်ပြုစား
ဓါးသွားထက်ထက်နဲ့
ရက်ရက်စက်စက်ခုတ်
နင်လုပ်ရက်ခဲ့လို့
တိမ်တွေပြိုသလို
ငါငိုနေပါပြီ
မာယာချိုရယ်
ကမ္ဘာ ကြွေသလို
ငါကြေခဲ့ပါပြီ
ခန္ဓာရှင်ပေမဲ့
မခံသာအမြင်
ကံကြမ္မာငင်ခဲ့လို့
အပြုံးများမဲ့မဲ့စွာ
နှလုံးသားယဲ့ယဲ့နာနဲ့
ငါရှင်သန်ရတာ
အလွမ်းရင့်ရင့်
ငါးနှစ်တိုင်ခဲ့ပြီ
မာယာချိုရယ် ။ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment