Professional Authors

လမင်းဝိုင် – ဒီရေလှိုင်း

သူလေးက ပပ၀င်းတဲ့
လမင်း ၊ သူရင်ကိုကျွမ်းလောင်ပါစေ
ကမ္ဘာမြေကို အလင်းဆောင်လို့လှ
အေးမြလို့ ၀င်းပစေသူ ၊
ငြိမ်းချမ်းရေးသင်္ကေတ
သန္တရသ အလှနဲ့
မြေကမ္ဘာပေါ်ဆန့်ထွက်
အလင်းတို့ ဖြန့်ကျက်စေသူ
သူကောင်းကင်မှာ
ထွက်ပေါ်တဲ့ည
ဝင်းပပ ရှိန်ဝါတွေနဲ့
သာနေတဲ့တုန်းမှာ
အမုန်းတွေမရှိ
အပြုံးပကတိနဲ့
နှလုံးတွေညိကြ
ချစ်တတ်ကြတယ် ။

ဝိုင်ဆိုတာ
ချစ်ခြင်းရဲ့ သင်္ကေတ
အနုပညာဆန်တဲ့ အလှဆူး
စူးရှရှရသာထူးနဲ့
တိမ်းမူးစေတဲ့အဖြစ်
ရိုမန့်တစ်အချစ်ညနေ
အလှတွေဝေစေတဲ့ ၀ိုင် ။

အမှတ်တမဲ့နဲ့ဆုံရ
အမှတ်တရ ဖြစ်
ကဗျာချစ်တဲ့ သူလေးကို
ဖြူစင်ခြင်းနဲ့ ဖွင့်လှစ်
နာမည်အသစ်တစ်ခုပေး
နှလုံးသွေးနွေးတဲ့ စတိုင်
လမင်းဝိုင်ပေါ့ ။

လမင်းဝိုင်ရေ
မျက်လုံးတွေရဲ့
မျက်တောင်တစ်ခတ်ကို
တို့ဖတ်တတ်ခဲ့ပါရဲ့
မျက်ဝန်းရဲ့ ဘာသာဗေဒ
ဖွင့်လှစ်ပြတတ်ပါရဲ့
မျက်ဝန်းကစကား
ကြားခဲ့ပါရဲ့
မျက်ဝန်းကဗျာများ
အခါခါခံစားတတ်ပါရဲ့
ဒါပေမဲ့လေ
အဆွေးစွက်နေတဲ့ ညီမမျက်ဝန်း
အတွေးခက်လွန်းစွာ
အဓိပ္ပါယ်ရှာမရ
ဒါပေမဲ့ လှတော့လှနေပါတယ် ။

လမင်းဝိုင်ရေ
ကိုယ့်ရဲ့ အလင်းနဲ့
လောကအမြင်ရှင်းစေကွဲ့
ကိုယ့် ၀ိုင်တစ်ခွက်နဲ့
နှလုံးသားအသက်ဆက်စေကွဲ့
စိတ်အပူတွေအဆိုး
အတိတ်အဆူတွေမတိုးအောင်
အရိပ်ကူမိုးလှည့်ကွယ်
မှောင်မိုက်ကာမမြင်သူကို
ဖြူစင်စွာ စေတနာအလှနဲ့
အလင်းပြပါလှည့် ။

လမင်းဝိုင်ရေ
ဘ၀ဆိုတာ စာအုပ်တစ်အုပ်
ကဗျာတစ်ပုဒ်ဖြစ်ခဲ့ရင်
စကာလုံးကာရန်ဖြူဖြူတွေအဖြစ်
တူတူဖြစ်ခွင့်ရချင်တယ်
ဘ၀ဆိုတာ ပန်းခင်းတစ်ခင်းဖြစ်ခဲ့ရင်
လန်းဆန်းတဲ့ ပန်းပွင့်လေးအဖြစ်
တူတူ ပွင့်ခွင့်ရပါစေ
ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်ဖြစ်ခဲ့ရင်
ဖြူဖြူစင်စင်နဲ့ အတူတူ သရုပ်ဆောင်ခွင့်ရချင်
ညများစွာပင် ကချင်တယ်
လမင်းဝိုင် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment