Professional Authors

အရေးကြီးပြီ —– – ဒီရေလှိုင်း

ကိုင်း ဘယ်လိုလည်းဗျာ
ငါးဖယ်တွေက ပြောင်းပြန်
ဗလောင်းဥာဏ် ဗြောင်းဆန်ကာ
သိက္ခာစိတ်မရှိတဲ့ အတွေးဆိုးတွေနဲ့
မိစ္ဆာဒိဋ္ဌိခွေးမျိုး တွေက လာလာ ဟောင်
ပြောင်ပြောင်တင်းတင်းစော်ကား
သူတို့ကများပြောသေး တို့တွေက
မတော်မတရားလုပ်တာတဲ့ –

အိမ်ရှင်ကို ဧည့်သည်ကမစော်ကားရ
ရှေးစကားရှိသော်ငြား
ခုများတော့
တို့အိမ်အမိုးကို သူတို့ရိုက်ချိုး
အကာကို ဖယ်ခွာ
အုတ်မြစ်ကို ဖျက်ဆီး
တစ်အိမ်လုံးမီးရှို့
ဒင်းတို့ရဲ့ ရိုင်းမိုက်တဲ့ ဥာဏ်ဝင်္ကန္တမှာ
တို့တွေငြိမ်ခံနေရမှာလား-

တကောင်းအဘိရာဇာ သာကီမျိုးဆိုပြီး
တို့ခေတ်မှာပဲ မျိုးဂုဏ်ညှိုးကြမှာလား
တို့ပြည်မှာ စရိုက်ဆိုးနဲ့
တို့ပြည်ကိုရိုက်ချိုးနေတဲ့
အမိုက်မျိုးတွေကို ချစ်စရာရုပ်တွေဆိုပြီး
မေတ္တာသုတ်တွေပဲရွတ်နေကြမှာလား-

တစ်ဖက်မှာ ဓါး ၊ တစ်ဖက်မှာတရားနဲ့
တို့မြန်မာများ ၊ ခုခေတ်ကြမှ ဓားတုံးပြီလား
အများမုန်းမှာစိုးလို့  သကြားလုံးလေးလို
ချိုနေပြီလား –
ပါးနပ်လို့ စကားတတ်လွန်းတဲ့
ယုန်လေးတွေပမာ နှာစေးနေကြပြီလား-

မြန်မာတို့ရေ-
အရေးကြီးပြီမို့
သွေးစည်းကြလော့-
အရေးကြုံပြီမို့
သွေးဆုံကြပါလော့
အရေးမကောင်းပြီမို့
သွေးပေါင်းကြပါလော့
ရှည်ကြာသမိုင်းဟောင်းအဆက်ဆက်
တို့တွေတရားဖက်လို့
တို့ဓားထက်ကြောင်းပြကြပါလော့
တို့မျိုးသားရေးမို့
အတွေးလေးတွေ ညီညီ
စွေးစွေးနီတဲ့ တို့သွေးများနဲ့
ရေးခြစ် သမိုင်းကြောင်း
တို့ပြည်ကောင်းအောင်
စွမ်းဆောင်ကြလော့ တစ်ယောက်မကျန် -။ ။

In: ကဗျာ,Others Posted By: Date: Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment