Professional Authors

မမေ့နိုင်စရာ ဧပရယ်(၁၅) – ဒီရေလှိုင်း

သင်္ကြန်ဆိုတာ
နှစ်ဟောင်းက အညစ်အကြေး
အပြစ်လေးတွေကို ဆေးကြောတဲ့အချိန်ခါ
သင်္ကြန်ဆိုတာ
တူညီသော ချစ်ခြင်းများနဲ့
အပြစ်ကင်းစွာ မခွဲခြား ၊ တစ်သားထဲ
အပျော်ဓလေ့တွေနဲ့ ပျော်မွေ့တဲ့အချိန်ခါ ။
သင်္ကြန်ဆိုတာ
မကောင်းမှုတွေမေ့ ကောင်းမှုတွေမွေ့
ဖြူစင်သောနှလုံးသား မြင့်မြတ်သောစိတ်ထားနဲ့
ကုသိုလ်တရား ပွားများတဲ့ ချိန်ခါ ။
ဧပရယ်(၁၅) အင်္ကြန်အကြတ်နေ့
အထပ်ထပ်မမေ့နိုင် အဖြစ်မျိုး
ကြမ္မာဆိုးနဲ့ တိုးခဲ့တဲ့လူသားတွေ
ဘယ်သူမှားလို့ အပူများစွာပွား
ဒုက္ခတရားနဲ့ ကြုံခဲ့ရသလဲ ။
ညနေ(၃)နာရီမှာ အဆုံးကမ္ဘာကို
နှလုံးမသာယာစွာနဲ့ အရောက်သွားဖို့
ဘယ်သူကများ စဉ်းစားမိမှာလဲX2O မှာ သိပ်အမြူးပိုစွာ
D.J , Re mix တွေနဲ့ အပီအပြင် ဟစ်ကြွေး
ခေတ်တေးရဲ့ စည်းချက်အောက်မှာ
ခုန်ပေါက်ပျော်စွာ အဖော်အပါလူတစ်စုဟာ
ပူမှုဒုက္ခတွေနဲ့ ကြုံရမှာလဲလို့
ဘယ်သူကများ စဉ်းစားမိမှာလဲ –
ပျော်စရာသုခဘုံလေးဟာ
မယုံလောက်အောင် ၀ုန်းကနဲ
ဗုံး(၃)လုံးကွဲခဲ့နောက်
သွေးသံရဲရဲ ၊ အကွဲကွဲ အကြေကြေ
ဒါဏ်ရာတွေ ဗလပွဖွာကြဲလို့
ငရဲပြည်ရောက်သလို မြင်ကွင်းဟာ
ဘယ်သူတွေ ပျော်ရွှင်ခြင်း ရှိခဲ့ပါလဲ –
အကြမ်းဖက်ရုံသာမက
အရမ်းရက်စက် ယုတ်မာ
မိစ္ဆာအယူ ၊ မသူတော်တွေ့ရဲ့
အမိုက်ကန်းဆုံး ၊ပစ်ခွင်းတဲ့ဗုန်းကြောင့်
သင်္ကြန်ကို ချစ်ခြင်းတရားရဲ့
ပြစ်ယွင်းမမှားစွာ ၊ ပျော်ရှာနေသူများရဲ့ဘဝ
သေရ ကြေရ ၊ ဒါဏ်ရာတွေရ
သူတို့တွေရဲ့ဘ၀ ဘယ်မှာ လှနိုင်တော့မလဲ ။
ဒီလိုအဖြစ် ဒါဏ်ရာတွေကြောင့်
ချစ်ရှာတဲ့သူတွေမှာ ပူစေတဲ့ဝေဒနာများ
ဆူဝေစွာခံစား ဘ၀များစွာမှာ မလှပ
အနာတွေရခဲ့ပြီလေ ။
ကမ္ဘာမှာ မြန်မာတို့ရဲ့
ပျော်စရာအကတွေနဲ့
လှပတဲ့ သင်္ကြန်အခါဟာ
အနိဋ္ဌာရုံမြင်ကွင်းတွေနဲ့
ပျက်စီးအောင် ဖျက်ဆီးသူတွေကြောင့်
ကြေကွဲစရာမြင်ကွင်းစုံကို
ဘယ်သူတွေကြုံချင် တွေချင်မှာလဲ –
ဘယ်သူတွေ ခံစားနိုင်မှာလဲလေ ။
ကောင်းမှုတွေနဲ့
အကြောင်းပြုခဲ့သင်္ကြန်ခါမှာ
သာယာစွာတွေ့ အခါခါပျော်မွေ့ရအောင်
ရက်စက်ကြမ်းတမ်း ၊ အဖျက်လမ်းကို
ဆက်မလှမ်းစေကြောင်း မေတ္တာလောင်းကာ
ကမ္ဘာလူသားအားလုံး
အမုန်းလမ်းဝေးလို့
နှလုံးချမ်းအေးပြီး
အပြုံးပန်းမွှေးပါစေလို့
တောင်းဆုခါခါဖြင့် ——————— ။

 


ဒီကဗျာလေးက ဧပရယ်(၁၅)ရဲ့ဝေဒနာများတဲ့ ဗုံးကွဲတဲံသတင်းကိုကြားလိုက်လို
့ခံစားပြီးချက်ချင်းရေးလိုက်တာပါ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment