ထာဝရ မီးအိမ်ရှင် (သို့) ကောင်းကင်ထက်က ငွေလမင်း – ဒီရေလှိုင်း
မကြည်သာ ဒေါသ အဆူတွေ နဲ့
မသဒီစရာ လောဘ လူသားတွေကြားမှာ
မူများခြားလို့ ရတနာတစ်ပါးလို
စာနာတရားနဲ့ အတွေးလှလှ
အေးမြမြ မေတ္တာတရား နဲ့ဖြန့်ကျက်
လောကကို ဆန့်ထွက်လို့
သောက အပူတွေကို
ကူညီလို့ငြိမ်းရှင်း
သူက အေးမြတဲ့ လမင်းလေးပေါ့ ။
ချို့တဲ့ ကလေးများ ဘ၀မြင့်ဖို့
ဖို့ခဲ့ သူအတွေးများနဲ့ မြင့်
ပုရစ်ဖူးလေးတွေက
အားမာန်သစ်ချိန်မှာ
အမြစ်လိုမြေလျှိုး
ဘယ်လိုဆိုးပါစေ
နိုးကြားသော သစ္စာတရားနဲ့
တိုးပွားက ပျိုးထောင်သွား
ဖြူစင်တဲ့ စိတ်ထား
ကောင်းမြတ်တဲ့ နှလုံးသား လှလှနဲ့
ပရဟိတလူသားတစ်ယောက်ပေါ့ ။
အမှောင်မှာ
ကြောင်တောင်မကန်းရအောင်
ပညာနဲ့ လမ်းပြ
စမ်းတမျှ အေးချမ်း
ပန်းအလှ မွှေးလန်း အောင်
သူဘ၀နွမ်းချင်နွမ်း
ကြမ်းချင်ချင် ပေးဆပ်လို့
သွေးရပ်တဲ့အထိ ဖြန့်ချီလို့ ထိန်ဝင်း
လောကကို လင်းစေတဲ့
လမင်းလေးတစ်ပါးပေါ့ ။
အပူခရီးမှာ
ဆူပြီးနေတဲ့ သူတွေရဲ့ဘ၀ကို
သူက အေးမြအောင် ထီးလိုမိုး
မလှကံကြမ္မာမီးနဲ့
ဘ၀ ကန္တာရခရီးသွားကလေးများအတွက်
အပူဝေဒနာကို အဖြူစေတနာနဲ့ကု
တုမရတဲ့ သူ့မေတ္တာအလှနဲ့ပြုကာ
သူ့ပညာဝေလို့ မြှင့်
အိုအေစစ်လေးတစ်ခုပေါ့
အတ္တအဓိကကိုဖွယ်ခွာ
ပရဟိတကိုတွယ်တာ
သူဟာ လမ်းပြတဲ့သူ
မြေဖြူခဲနဲ့
သေတူမခွဲ
နေပူထဲကိုသူလျှောက်
မကြောက်တရားနဲ့သွား
ပေးဆပ်ခြင်း လူသား ပေါ့ ။
သူ့ဘ၀က မမြင့်ပေမဲ့
သူစိတ်ထားတင့်စေခဲ့
အများဘ၀ကို တရားပြသလို မြှင့်နေခဲ့။
ဓနစည်းစိမ်ရှင် မဟုတ်ပေမဲ့
ဘ၀မီးအိမ်ရှင်ပေါ့
အမှောင်ခြင်းတွေ ကင်း
ရှင်းရှင်းမြင်ရအောင်
ကူညီလို့အလင်းပေး
ဝန်းကျင်ကိုမွှေးစေခဲ့
အပိုမရှိပေမဲ့
လိုနေတာကို သူပေး
ချိုနေတာက သူစေတနာ မွှေးမွှေးပေါ့
ကိုယ့်တစ်ယောက်အတွက် မစဉ်းစား
အများအတွက် ကြိုးစား
လှပတဲ့ သူစိတ်ထားကို အလေးထားလို့
အတွေးများနဲ့
ရေးထားတဲ့
ကဗျာတစ်ပုဒ်နဲ့
ခင်မင်သရုပ်ပြ
ဂုဏ်ပြုလိုက်ပါတယ် ။
ကောင်းကင်ထက်မှာ
အေးမြခြင်းများစွာနဲ့
ရှည်ကြာထွန်းလင်း
ထာဝရ လမင်း ။
Comment #2
Ever
forever
By: ei lay at Jan 11, 2013




Comment #1
အပူခရီးမှာ
ဆူပြီးနေတဲ့ သူတွေရဲ့ဘ၀ကို
သူက အေးမြအောင် ထီးလိုမိုး
မလှကံကြမ္မာမီးနဲ့
ဘ၀ ကန္တာရခရီးသွားကလေးများအတွက်
အပူဝေဒနာကို အဖြူစေတနာနဲ့ကု……….
…………….မိုက်တယ်….ကြိုက်တယ်….။။။။