Professional Authors

ပန်းပွင့်လေးများအတွက်

ဒီကမ္ဘာကသွေး
ဒီကမ္ဘာကမွေး ၊
ဒီကမ္ဘာရဲ့ ကလေးတွေမို့
ဒီကမ္ဘာကကျွေးမွေးပြုစု ၊
ဒီကမ္ဘာက ထွေးပေးမှုပြု ၊
ယုယမှသာ သူတို့ဘ၀ သာယာမှာပါ ။

ကံကြမ္မာဇာတ်ဆရာရဲ့
လွဲမှားတဲ့ဇာတ်ညွှန်း
ရိုင်းကြမ်းတဲ့ ရိုက်ချက်ကြောင့်
အပြစ်အညစ်မရှိ
ဖြူစင်ခြင်း ပကတိရှိတဲ့
ကလေးတွေဘ၀ မှာ
ရောဂါ ဒါဏ်ရာ တွေရခဲ့ကြ ။
သူတို့မိဘတွေရဲ့ အသက်ဗီဇချုပ်
ဇီဝိန်တွေကိုနှုတ်ငင်ခံရတဲ့အခါ
ဝန်းကျင်လောကအလယ်
သိမ်ငယ်နေတဲ့ ပန်းလေးတွေပေါ့ ။

ဆွေမျိုးညာတိတွေက
ကြင်နာခြင်း ပကတိနဲ့
စောင့်ရှောက်ခြင်းမရှိ
ပြုစုယုယ ကုသမှုတွေမပေး
ဒီကလေးတွေရဲ့ အနာဂတ်အရေးက
မတွေးဝန့်စွာ ၊ အထီးကျန်
အကျည်းတန်နေလေတော့
နည်းမှန်စွာ
သူတို့လေးတွေ ရဲ့ အပူမီးတွေကို
ကူပြီးအေးတဲ့ အချစ်မေတ္တာနဲ့
အိုအေစစ်ကမ္ဘာလေးရဲ့ နိမိတ်ပုံက
သုခရိပ်မြုံတဲ့ ။

ရှင်သန်နိုင်တဲ့ကာလ
ရှင်ခွင့်ရတဲ့အချိန်
ရှင်နေသမျှနေ့ရက်တွေမှာ
အပူရတက် ဝေဒနာတွေမကျအောင်
ဖြူလျက် စေတနာတွေ အလှတရားစုလို့
မိသားစုမေတ္တာ အေးရိပ်ပမာ
အသိများပြုကာ ချွေးသိပ်နားရာ
ကွန်းရိပ်သာမှာ
ခန္ဓာရောဂါတွေ ရှိပေမဲ့
စိတ်ဒါဏ်ရာတွေ မညိစေရာ
ကြင်နာခြင်းအသိနဲ့
အရိပ်တကြည့်ကြည့်ထွေး
သူတို့ဘ၀လေးတွေအေးစေပေါ့ ။

လာချင်ရင် အနီးလေး
ခရီးမဝေးလို့
အပြေးလေးသာ လာ
သူတို့ဘ၀ကိုစာနာ
သူတို့လေးတွေကိုကြင်နာ
သူတို့လေးတွေကို ကျွေးမွေး
သူတို့လေးတွေ ကို ထွေးဖေး
သူတို့လေးတွေကို ဆေးပေး
သူတို့ဘ၀လေးတွေ အေးဆေး
သူတို့ ရှင်သန်ရာ ဒီကမ္ဘာရဲ့
မေတ္တာအလှကို တို့တွေပြ
ဖေးမကြပါစို့လား …….. ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

း)

commentinfo By: မိုးသစ်လေပြေ at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment