Professional Authors

ရှင်သန်ခွင့်တော့ ပေးလှည့်ပါ

မပြောင်းလဲတဲ့ အတိတ်များ
အမှတ်တရနေ့တစ်ခုအဖြစ်
တိမ်တစ်အုပ်နဲ့ လေးညှင်းတို့က
ဇင်ရော်တွေနှင့်အတူ အိမ်ပြန်ခဲ့ပြီ…။

အဖော်မစုံခဲ့တဲ့ နေ့တွေအတွက်
နေညိုချိန်ရဲ့ မှတ်တမ်းတွေလည်း
ပတ်ဝန်းကျင်ရဲ့ အချိန်တစ်ခုမှာ
အရှိန်မပြင်းတဲ့ မြစ်တစ်စင်းလို
ခပ်လေးလေး စီးဆင်းနေတယ်…။

အဖော်မဲ့တဲ့ ကောင်းကင်အောက်မှာ
သင်းကွဲအပင်အိုလည်း
တည်ငြိမ်စွာ ရပ်နေလေရဲ့…။

အထီးကျန် ဘ၀အစတစ်ခုကို
လတစ်စင်းရဲ့ နောက်ပါးက
ငွေကြယ်တို့ အလင်းမှုန်ကြားမှာ
အရှုံးတွေကို ဒူးထောက်ခဲ့ပြီ…။

အလင်းရဲ့ နေ့တစ်ခင်းမှာ
ကိုယ်တိုင် သီစပ်တဲ့
အဖော်မဲ့ အလွမ်းအထ္တုပ္ပတ္တိကို
အပြီးတိုင်ဖတ်နေဆဲပါ…။

နောက်ထပ်မငိုညည်းတော့ပေမဲ့
အဆုံးသတ် တို့နှစ်ယောက်ရဲ့ လမ်းခွဲနေ့ကို
အမှတ်တရမှတ်တမ်းတစ်ခုအဖြစ်
ပုံရိပ်တို့က အခုထိရင်မှာ
လတ်ဆတ်စွာရှင်သန်ခွင့်တော့ပေးလှည့်ပါ…။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: Apr 27, 2012
Comment #1

so sorry to read.

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment