Professional Authors

ကံကြမ္မာအပြစ်

ကဗျာမဆန်ချင်လည်းနေပါ
သဒ္ဒါမမှန်ချင်လည်းနေပါ
ငါ့ရဲ့ရင်ခုန်သံရမ်သမ်မှန်ဖို့က
မင်းရဲ့ဆုံးဖြတ်ချက်ပါ။

မင်းမမြင်နိုင်တဲ့ပုစ္ဆာတွေ
ငါ့ရင်မှာအပြည့်
မေးခွန်းတွေထုတ်မယ်ဆိုရင်
လွယ်မရောင်နဲ့ခက်
တိမ်မရောင်နဲ့နက်သလို
အဖြေထွက်ဖို့အတွက်
ကျူရှင်ပါယူရလိမ့်မယ်ချစ်သူ။

အရှုံးတွေကိုအပြုံးတွေနဲ့
ဖြေသိမ့်ပေးနိုင်ခဲ့တဲ့ငါ့အတွက်
အဓိပ်ပါယ်မဲ့ရှင်သန်ခြင်းဟာ
လက်ဆောင်ဆိုရင်
အဲဒါ….
ကံကြမ္မာအပြစ်လို့ဘဲ
သတ်မှတ်လိုက်တော့မယ်။

In: ကဗျာ Posted By: Date: Mar 23, 2011
Comment #1

မင်းမမြင်နိုင်တဲ့ပုစ္ဆာတွေ
ငါ့ရင်မှာအပြည့်
မေးခွန်းတွေထုတ်မယ်ဆိုရင်
လွယ်မရောင်နဲ့ခက်
တိမ်မရောင်နဲ့နက်သလို
အဖြေထွက်ဖို့အတွက်
ကျူရှင်ပါယူရလိမ့်မယ်ချစ်သူ။
ကောင်းတယ် ကေ..
အားပေးသွားတယ်။

commentinfo By: gadounlay at Mar 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment