Professional Authors

ကဗျာမျက်လှည့်ပွဲ

လူအုံလာရင် စမယ်
(သမီးရေ…သမီးလေးရေ….
ဖေကြီးကို ကူညီကွယ်..)
ကြိုးတစ်ခွေ၊တုတ်တစ်ချောင်း၊
အရုပ်မ ခေါင်းပြတ်တစ်ခုနဲ့
ဟောဒီခွက်ကို မှောက်ထားလိုက်ပါပြီ
ဒီနေရာမှာ သံသယ၀င်စရာမလို
အတွေးများနေစရာမလို
သဘောတရားအရ
ခု လူကြီးမင်းရှေ့မှာ ကွန်ပျူတာ
ကွန်ပျူတာဖန်သားပြင်မှာ တာကောရဲ့ ဒီကဗျာ
ဆိုတာ
ငြင်းစရာလိုသေးလား၊မလိုဘူးလား။

In: ကဗျာ Posted By: Date: Nov 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment