Professional Authors

ရှင်သန်ချင်တဲ့ သစ်ပင်လေး

 

ဘေးက မှိုင်းတိုက် မီးမြှိုက်ခံရတဲ့ သစ်ပင်
အတင်းအားခဲ ထွက်မယ့် နုရွက်လေးကို
ရှင်ချင်တဲ့ ရွက်သစ် နှစ်ပစ်မယ် အငြိုးနဲ့
မြေတောင်မြှောက်မပေး ရေနွေးပူနဲ့ လောင်းပေးခဲ့တယ်။

 

အရပ်ကူပါ လူဝိုင်းပါတဲ့
အမြစ်ကိုဖြုတ် ဓါးနဲ့ခုတ်လို့
ဘေးဘယ်ညာ ဝိုင်းနှုတ်ကြပြီးမှ
“ငါတို့ကို အပြစ်မပြောနဲ့” တဲ့…
ခေါင်းမာခဲ့တဲ့ အပင်
ထင်းစိုက်မယ်ကြံ လုပ်ကြပြန်တော့။

 

ရက်စက်မှုဒဏ် မခံနိုင်တော့တဲ့ အဆုံး
ဘုရားကိုချည်း ကုန်းရှိခိုးလို့
အားမတန် မာန်လျှော့
အပင်ကလေး ရှုံးခဲ့ရပြီ။

 

ရှင်သန်ချင်တဲ့ သစ်ပင်လေးရဲ့ အပြစ်လား…
ဘယ်ညာ ဝိုင်းတိုက် မီးမြှိုက်ကြသူတွေရဲ့ အပြစ်လား…
သစ်ပင်လေးကကော ခွင့်လွှတ်လိမ့်မယ် ထင်သလား…


မှားသွားလိမ့်မယ်။ ။

 

 



မခံနိုင်အောင် ပေါက်ကွဲထွက်နေတာတွေ စိတ်ပေါက်ပေါက်ရှိ ရေးလိုက်တာပါ။
အချိုးမကျသလို ဖြစ်နေလို့ စိတ်ထဲ သိပ်မတွေ့လှပေမဲ့ တင်လိုက်ပါတယ်။
သည်းခံ ဖတ်တဲ့ ညီအစ်ကိုမောင်နှမတွေ ကျေးဇူးပါ။

 

 

In: ကဗျာ Posted By: Date: Mar 13, 2012
Comment #1

arr pay twar par d,

commentinfo By: ei lay at Mar 13, 2012
Comment #2

ခံစားအားပေးခဲ့ကြောင်းဗျာ~~

commentinfo By: ဂျစ်ပစီ(မင်းမင်း) at Mar 14, 2012
Comment #3

ကဗျာကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ရေးထားတော့ ဖတ်ရတာ … တော်တော်လေးကောင်းပါတယ် …
နောက်လည်း ရေးပါအုံး ..

အားပေးလျက်

commentinfo By: Zero Boyz at Mar 14, 2012
Comment #4

ဘာပဲပြောပြော …….ရင်ထဲပေါ့သွားတယ်ဟုတ်………

commentinfo By: May Kha at Mar 14, 2012
Comment #5

မေခရေ… ပေါ့သွားတာတော့ အစစ်ပဲ။

ညီအစ်ကိုမောင်နှမတွေ ကျေးဇူးတင်ပါတယ်။

commentinfo By: kantkawmg at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment