Professional Authors

ရှင်သန်ခွင့်

 

ချစ်သူရေ

နင့်နှလုံးသွေးတစက်နဲ့

ငါ့ကို အသက်ဆက်ရှင်သန်ခွင့်ပြုပါ

အတိတ်ရဲ့ အရိပ်တွေ လွှမ်းထားလွန်းလို့

အနာဂတ်တိုင်းပြည်ကိုတောင် ခြေတလှမ်းမလှမ်းဖြစ်ဘူး

နေရာမှာပဲ မတ်မတ်ရပ်

နင့်ကို အသေအလဲ လွမ်းနေတာပဲ သိတယ်…..။

 

န၀င်းမဖြစ်တော့တဲ့ ကိုးလိုပဲ

နင်မရှိတော့တဲ့ ငါ့ညနေခင်းတွေဟာ

ကွက်ကြားမိုးရွာမဲ့ တိမ်အုပ်နောက်ပြေးလိုက်နေတဲ့

အရူးတယောက်လို

အဓိပာယ်မဲ့ သွေးရူးသွေးတန်း……။

 

နင်တလှမ်းတောင် လှမ်းမလာလို့

တဖြစ်တောက်တောက်လုပ်တတ်ပေမဲ့

ငါကိုယ်တိုယ်လည်း နောက်ကိုသာ အခါခါဆုတ်နေမိ

သတ္တိဆိုတာကို မာနက အနိုင်ယူတယ်…………။

 

အချစ်ဆိုတာ အချစ်သက်သက်ပဲ ကောင်းပါတယ်

လိမ်းဖို့ချယ်ဖို့အတွက် ၀ယ်ထားတာ မဟုတ်ဘူးလေ

ဘီယိုထဲ သော့ခတ်သိမ်းထားတဲ့ ကဗျာစာအုပ်တွေတောင်

မှိုတတ်…………..

အချစ်ထက် အရေးကြီးတာတွေ အများကြီးလို့ ထင်ခဲ့သမျှ

အချစ်မရှိတော့ ဘယ်ကို ဆက်သွားရတော့မှန်းမသိ

ကွက်လပ်တနေရာစာ ကျန်ခဲ့တဲ့ ရင်ဘတ်ဟာ

အတောင်မစုံတော့တဲ့ ငှက်လိုပဲ

တလည်လည်နဲ့ နင်ရှိရာ ၀င်ရိုးစွန်းကိုပဲ အကြိမ်ကြိမ်တမ်းတ………..။

 

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

အချစ်ဆိုတာ အချစ်သက်သက်ပဲ ကောင်းပါတယ်

လိမ်းဖို့ချယ်ဖို့အတွက် ၀ယ်ထားတာ မဟုတ်ဘူးလေ

ဘီယိုထဲ သော့ခတ်သိမ်းထားတဲ့ ကဗျာစာအုပ်တွေတောင်

မှိုတတ်…………..

အချစ်ထက် အရေးကြီးတာတွေ အများကြီးလို့ ထင်ခဲ့သမျှ

အချစ်မရှိတော့ ဘယ်ကို ဆက်သွားရတော့မှန်းမသိ

ကွက်လပ်တနေရာစာ ကျန်ခဲ့တဲ့ ရင်ဘတ်ဟာ

အတောင်မစုံတော့တဲ့ ငှက်လိုပဲ

တလည်လည်နဲ့ နင်ရှိရာ ၀င်ရိုးစွန်းကိုပဲ အကြိမ်ကြိမ်တမ်းတ………..။

ကြိုက်လိုက်တာဗျာ… အိပ် ဖို့ တောင် သတိမရတော့ဘူး

commentinfo By: အသဲကွဲ မိုး at Jun 14, 2013
Comment #2

a chit htet ayiE gyi tar shi paymae……..a chit ma shi taw……

commentinfo By: poem.poem28 at Jun 15, 2013
Comment #3

တိုက်ဆိုင်လို့အ၇မ်းကြိုက်တယ်ဗျ

commentinfo By: neutralluyie at Jun 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment