Professional Authors

တကိုယ်တော် လွမ်းခြင်း (မင်းကိုချစ်တဲ့သူ)

ရေတွေခြား မြေတွေခြားနဲ့
ပင်လယ်သမုဒ္ဒရာရဲ့ကြားမှာ
အတွေးတွေကို အပိုင်းခွဲလို့
ကျနော့်လိုပဲ သူလဲဆွေးနေမှာပဲ…

ဝေးကွာခြင်းတွေနဲ့ ယုံကြည်ခြင်း
ဆုံမှတ်မရှိသေးတဲ့ မြစ်နှစ်စင်းလို
အတ္တတွေမာနတွေ စီးချင်းထိုးကြ
နှလုံးသားမှာတော့ ဒဏ်ရာရနေခဲ့ပြီ…

ပြိုင်သူမဲ့တဲ့ အချစ်တွေနဲ့ပါ
ဆိုင်သူမသိတဲ့ အဖြစ်တွေက
ဘေးစကားတွေကြောင့် အပြစ်ဖြစ်ရတယ်
ကျနော်ကလဲ ဘယ်ဝေးချင်ပါ့မလဲ…

အလွမ်းသင့်နေတဲ့နှလုံးသား
ကာရံထားတဲ့ သစ္စာတရားနဲ့
ချစ်ခဲ့မိတဲ့ ကျနော်ဟာ
တကိုယ်တော် အဆွေးသမားလေးပါ…

ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေနဲ့
တိုးပွားလာတဲ့ သံသယတွေရဲ့ကြား
ဝိုးတိုးဝါးတား လျှေက်လှမ်းနေတဲ့ကျနော်ဟာ
ဇာတ်ညွှန်းမဖတ်ရသေးတဲ့ ဇာတ်ကောင်လိုပါပဲ…

ဒီလိုနဲ့…
အမှတ်တရတွေကို အချိန်ကတိုက်စား
အမှတ်တမဲ့ ကျော်ဖြတ်နေတဲ့နေ့များမှာ
မသိမသာ လွမ်းနေရင်းနဲ့
ဒီ April 19 မှာ နောက်တစ်လတိုးခဲ့ပြီ…

In: ကဗျာ Posted By: Date: Apr 23, 2012
Comment #1

ဒီလိုနဲ့…
အမှတ်တရတွေကို အချိန်ကတိုက်စား
အမှတ်တမဲ့ ကျော်ဖြတ်နေတဲ့နေ့များမှာ
မသိမသာ လွမ်းနေရင်းနဲ့
ဒီ April 19 မှာ နောက်တစ်လတိုးခဲ့ပြီ…

commentinfo By: မ at Apr 23, 2012
Comment #2

really nice

commentinfo By: ei lay at Apr 24, 2012
Comment #3

thanks you 🙂

commentinfo By: deadxromeo at May 14, 2012
Comment #4

ei lay le 1 ko daw a sway ta mar lay phyit nay dar daw daw kyar p,
🙁
🙁
🙁
🙁
🙁

commentinfo By: ei lay at Jun 2, 2012
Comment #5

feel again par,

commentinfo By: ei lay at Jul 21, 2012
Comment #6

missssssssssssssss

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment