Professional Authors

အချစ်နဲ့ကင်းဝေနိုင်သူဖြစ်ရပါစေ… (မင်းကိုချစ်တဲ့သူ)

တရစ်ရစ်နဲ့ တစချင်းခြစ်ထုတ်ခံနေရတာတော့
အသဲကွဲတာထက်နာတယ်…
ကျန်နေသေးတဲ့ အချစ်တွေကို
အိတ်တစ်ခုထဲထည့်လို့ လှူလိုက်တော့မယ်
ကဲ… ဘာကျန်သေးလဲ…

ဘာ… သံယောဇဉ်???
အဲ့ဒီကောင်က တစ္ဆေလိုပဲ
ငါ့မျှော်လင့်ခြင်းတွေကို ဖျက်ဆီးတယ်
သူ့ကိုလဲ ဒီနေ့လှူပစ်မယ်
တကိုယ်တော်မနေချင်လို့
ကိုယ်ရံတော်အဖြစ် သူ့အနားမှာနေခဲ့တယ်
ဘာများထူးလာလို့လဲ…
မထူးတဲ့ကြား အရူးဖြစ်နေတာပဲ
အဖတ်တင်တယ်…

ငါကိုယ်က မှာခဲ့တာပါ
ဘယ်သူမှမမှားဘူး
အချစ်ကို ရေးတတ်ရုံလေးနဲ့
ဘွဲ့တက်ယူခဲ့တာပါ 
အခုတော့ မကျွတ်မလွှတ်နိုင်လို့
အမျှဝေပေးကြပါ
ငါ့တွင်းကို ငါကိုယ်တိုင်တူးပြီး
ငါစာပနာ ငါချပါရစေ
တကိုယ်တော် ရှင်သန်ခဲ့ပြီးပြီပဲ
အခုတော့…
တကိုယ်တော် သေဖို့ပဲကျန်တယ်…

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

Sometimes love is wonderful. Sometimes love is pain. For me, I believe 100% that love is pain.
ကဗျာကောင်းလေးဗျ
ဖတ်သွားပါတယ် ~~~

commentinfo By: X - ray at Jun 21, 2012
Comment #2

thank you, X-Ray…

commentinfo By: deadxromeo at Jun 21, 2012
Comment #3

He..he..
Sate dot ma soe ne Naw.
A hman tine pyaw me.
E de Su taung be dot hma pyay hmar Hote bu.
Lone wa Tay char de.
He..he..

commentinfo By: ei lay at Jun 22, 2012
Comment #4

ဘာ… သံယောဇဉ်???
အဲ့ဒီကောင်က တစ္ဆေလိုပဲ
ငါ့မျှော်လင့်ခြင်းတွေကို ဖျက်ဆီးတယ်
သူ့ကိုလဲ ဒီနေ့လှူပစ်မယ်
တကိုယ်တွေမနေချင်လို့
ကိုယ်ရံတော်အဖြစ် သူ့အနားမှာနေခဲ့တယ်
ဘာများထူးလာလို့လဲ…
မထူးတဲ့ကြား အရူးဖြစ်နေတာပဲ
အဖတ်တင်တယ်…
..
နှစ်သက်စွာအားပေးသွားပါ၏

commentinfo By: အသဲကွဲမိုး at Jun 22, 2012
Comment #5

ကောင်းတယ်ဗျ…..
ဘာ… သံယောဇဉ်???
အဲ့ဒီကောင်က တစ္ဆေလိုပဲ
ငါ့မျှော်လင့်ခြင်းတွေကို ဖျက်ဆီးတယ်
အဲဒီစာသားကိုတော့ ပိုကြိုက်တယ်…

commentinfo By: poem.poem28 at Jun 22, 2012
Comment #6

အချစ်နဲ့ ကင်းဝေး ချင်ရင်တော့ ကိုကိုဖရီးလို အချစ်မရှာ တစ်ကိုယ်တည်း လူပြိုကြီး.. အဲ ..လူပျိုလေး ၁၀၀ ပါစင့် သန့်အောင်နေရမယ်နော်..။

ခင်မင်လေးစားစွာဖြင့်
မူလလက်ဟောင်း မဟာဂန္ထ၀င် ကိုကိုဖရီး
[email protected]

commentinfo By: ကိုကိုဖရီး at Jun 22, 2012
Comment #7

Hote loh lar,ko ko free.
Yone par bu.
🙂

commentinfo By: ei lay at Jun 22, 2012
Comment #8

🙂

commentinfo By: deadxromeo at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment