Professional Authors

အဆိပ်ခွက် (မင်းကိုချစ်တဲ့သူ)

အေးစက်စက်အတွေးတွေကို
ဖန်ခွက်ထဲငဲ့လို့ မျှော်လင့်ချက်တွေနဲ့
အလွမ်းခါးခါး ပြင်မရတဲ့အမှားတွေကို
ခက်နာနာလေးဖျော်လို့
ငါ့ရဲ့ မနက်စာ ကော်ဖီအဖြစ်သောက်သုံးနေတယ်…

ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
နူးညံ့တဲ့ အချစ်တွေအတွက်
တန်ပြန်လာခြင်းတွေကတော့
ဒီဇင်ဘာနှင်းတွေလိုပဲ အေးစက်လွန်းတယ်…

သွားတလှည့် ရပ်တလှည့်နဲ့
အနာဂါတ်တွေ ပျက်သုဉ်းခဲ့
မမြဲခြင်းတရားကို ကိုင်ဆောင်တဲ့
ကံကြမ္မာဆိုတဲ့ ငနဲကတော့
မာယာတွေအထပ်ထပ်နဲ့ပေါ့…

လက်ကမ်းမမှီတဲ့ ပျော်ရွင်ခြင်းတွေကို
လက်လှမ်းမယူပဲ ထိုင်ကြည့်နေမိတယ်
မျက်ရည်ခံမှည့် ပါတဲ့လူတိုင်း
ငိုရမလားကွယ့်
ငါ့ကိုယ်က မျက်ရည်လွယ်လွန်းတာပါ…

အမေပေးတဲ့ အသိပညာ
အဖေပေးတဲ့ အတတ်ပညာနဲ့
ကံကြမ္မာကို စစ်ကြေငြာခဲ့တယ်
ဓားစာခံဖြစ်ခဲ့တဲ့ မင်းအတွက်တော့
ငါဟာ အဆိပ်ခွက်ပါပဲ….

In: ကဗျာ Posted By: Date: Dec 15, 2011
Comment #1

wow,,,,,,,,,,
nice

commentinfo By: ei lay at Dec 15, 2011
Comment #2

အလွမ်းခါးခါး ပြင်မရတဲ့အမှားတွေကို
ခက်နာနာလေးဖျော်လို့
ငါ့ရဲ့ မနက်စာ ကော်ဖီအဖြစ်သောက်သုံးနေတယ်…
ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
လက်ကမ်းမမှီတဲ့ ပျော်ရွင်ခြင်းတွေကို
လက်လှမ်းမယူပဲ ထိုင်ကြည့်နေမိတယ်…………..

commentinfo By: May Kha at Dec 15, 2011
Comment #3

thu e lo htin hmar hote par bu.
sate ma nyit ne.

commentinfo By: ei lay at Dec 21, 2011
Comment #4

ခပ်ညံ့ညံ့အတွေးအခေါ်တွေနဲ့
အဖြူသက်သက် ချစ်ခဲ့သူပါ
နူးညံ့တဲ့ အချစ်တွေအတွက်
တန်ပြန်လာခြင်းတွေကတော့
ဒီဇင်ဘာနှင်းတွေလိုပဲ အေးစက်လွန်းတယ်…

ဟုတ်တယ် အဲအပိုဒ်လေး အရမ်းမိုက်တယ်…

commentinfo By: ဖူးမေ at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment