ချစ်သူသို့လွမ်းခြင်း (မင်းကိုချစ်တဲ့သူ)
ဖတ်ဖြစ်ခဲ့တဲ့ စာမျက်နှာ
ခြစ်ချခဲတဲ့ ပြက္ခဒိန်စာရွက်တွေ
အလဲလှယ်ခံရတဲ့ နှလုံးသားကို ငဲ့ညာလို့
ငါ့ကိုတရက်တကြိမ်လောက်တော့လွမ်းပါ…
အချိန်နဲ့အမျှအလွမ်းတွေနဲ့
ပထမအနမ်း ပေးခဲ့တဲ့ကောင်မလေးရယ်
မနက်ဖြန်တွေကုန်မှာကိုမကြောက်
မနက်ဖြန် ပြန်မဆုံမှာကိုကြောက်မိတယ်…
ငါတို့တွေဆုံတွေ့ အချိန်က
ကကြီးခခွေး ပေးကျံနေတဲ့အရွယ်
အချစ်ဆိုတာကို မေတ္တာပိုပိုနဲ့
ဘုရားမှာလည်း သစ္စာဆိုခဲ့ဖူးတယ်…
သံသရာနဲ့ သံသယတွေကြား
နားလည်မှုကို အထားမှားလို့
စကားတွေနဲ့ ဗျာများရတယ်
တကယ်တော့ ဒါတွေဟာ
ကောလဟာလ သတင်းတွေပါ…
ငြင်းစရာမလိုလောက်အောင်
ငါတို့ အချစ်တွေခိုင်မာခဲ့တယ်
ဝေးသွားမှာမဟုတ်တဲ့ အချစ်တွေအတွက်
ငါ့ရဲ့ အလွမ်းတွေနဲ့ သက်သေထူမယ်
ဒီတခါနွေဦးကို စောင့်ရတာကြာလွန်းတယ်…
ကျေးဇူးပြု၍ သိပ်မပြုံးပါနဲ့
မင်းအပြုံးက လူတွေကိုဖမ်းစားနိုင်လို့
ငါလဲသာမန်လူတယောက်မို့
မင်းကိုဆုံးရှုံးမှာ ကြောက်တယ်
ငါ့ကိုဘယ်တော့မှ မမုန်းအောင်
အဘိဓာန်ထဲက “မုန်း” ဆိုတဲ့စကားလုံးကို
ပယ်ထုတ်ခွင့်ပြုပါ…
Comment #3
Ei Lay & Ko KO Latt… လာရောက်ဖတ်ရှုပေးလို့ ကျေးဇူးအထူးနော်…
By: မင်းကိုချစ်တဲ့သူ at Dec 29, 2011
Comment #4
kyay zu tin yin moke kway par
By: ei lay at Dec 30, 2011
Comment #5
kou a yan lwan nay p a chit yaeeeeeeeeeeeeeee
hinttttttttttttt
hinttttttttttttt
By: ei lay at Jan 6, 2012
Comment #6
🙁
🙁
🙁
By: ei lay at Jun 2, 2012
Comment #7
:'(
:'(
:'(
By: ei lay at Jul 21, 2012
Comment #8
missssssssssssssssssssssssss
By: ei lay at Aug 1, 2012




Comment #1
wow,,,
sound great.